ရာသီသိမ်းကာနီး ကာလအတွင်း အသင်းကြီးတွေနဲ့ အဆုံးအဖြတ်ပွဲတွေမှာ ရင်ဆိုင်ဖို့ ချဲလ်ဆီးကို ပြင်ဆင်မှုတွေ လုပ်နေတဲ့ နည်းပြ အေဘရန် ဂရန့်ရဲ့ နောက်မှာ ကစားသမား အားလုံးက ရာနူန်းပြည့် ရှိနေကြောင်း အသင်းခေါင်းဆောင် ဂျွန်တယ်ရီက ပြောပါတယ်။
ဘလူးစ်အသင်းဟာ ဒီည အန်းဖီးလ်ကွင်းမှာ လီဗာပူးနဲ့ ချန်ပီယံလိဂ် ဆီမီဖိုင်နယ် ပထမ အ ကျော့ ကစားရမှာဖြစ်ပြီး လာမယ့် စနေ့မှာတော့ မန်ယူနို်က်တက်နဲ့ ပရီးမီးယားရှစ်မှာ ရင်ဆိုင် ရ မှာ ဖြစ်ပါတယ်။
အသင်းမှာရှိတဲ့ ကစားသမားတွေအကြား မငြိမ်မသက် ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို တယ်ရီက ငြင်းဆိုပါတယ်။
“အဲဒီ ယူဆချက်တွေက တော်တော် ရယ်စရာ ကောင်းပါတယ်။ ကျနော်တို့ အမြဲတမ်း ပွင်း ပွင့်လင်းလင်းနဲ့ ပြောပြီး ဖြေရှင်းစရာတွေကို ရှင်းပြီးပါပြီ” လို့ တယ်ရီက ပြောပါတယ်။
“ကျနော်တို့အားလုံးက မန်နေဂျာနောက်မှာပဲ တသားတည်း ရှိနေပါတယ်။ ဘယ်သူမှ သ ဘောထားကွဲပြီး တဖက်ဖက်မှာ ရှိနေတာမျိုး မရှိပါဘူး”
နည်းပြ ဂရန့်ဟာ ချဲလ်ဆီးကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နဲ့ ပရီးမီးယားရှစ်မှာ ချန်ပီယံ ဖြစ်ရေး အတွက် စိန်ခေါ်မှုတွေ လုပ်နိုင်အောင် စွမ်းဆောင်ပေးထားပေမယ့် မီဒီယာနဲ့ လူတွေကြား မှာတော့ ကျော်ကြားလာခြင်း မရှိသေးပါဘူး။
အသက် (၂၉)နှစ်အရွယ် အသင်းခေါင်းဆောင် တယ်ရီက “လီဗာပူးနဲ့ ကျနော်တို့ အရင်ဆုံ ထားတဲ့ (၂)ကြိမ်စလုံး ရှုံးထားပါတယ်။ ဒီအရှုံးကို ကျနော့်ကို အနိုင်ရခြင်စိတ်တွေပိုပြီး ဖြစ်စေ ပါတယ်။ အသင်းခေါင်းဆောင်အဖြစ်နဲ့ ရှိနေတုန်းမှာ ချန်ပီယံလိဂ်ဖလားကို ချဲလ်ဆီးအတွက် သမိုင်းဝင်ဖြစ်အောင် ယူပေးချင်ပါတယ်” လို့ ထပ်ပြောပါတယ်။
|

လေ့ကျင့်ရေးကွင်းက နည်းပြ ဂရန့်နဲ့ တယ်ရီ
|