ချဲလ်ဆီးကို အနိုင်ယူပြီး (၄)နှစ်အတွင်း တတိယအကြိမ်မြောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လီ ဗာပူး တက်နိုင်ရေးဟာ တိုက်စစ်မှူး ဖာနန်ဒို တော်ရက်စ်ရဲ့ စွမ်းဆောင်မှု အပေါ်မှာ မူတည် ကြောင်း နည်းပြ ဘင်နီတတ်ဇ်က ပြောပါတယ်။
လီဗာပူးဟာ ချဲလ်ဆီးနဲ့ ဆုံတဲ့ ၂၀၀၅နဲ့ ၂၀၀၇ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တုန်းက နှစ်ဂိုးတည်းနဲ့ အနိုင်ရထားပေမယ့် အခုအခါမှာတော့ ဂိုးသွင်း သေချာတဲ့ စပိန်တိုက်စစ်မှူး တော်ရက်စ်ကို ပိုင် ဆိုင်ထားနေပြီ ဖြစ်ပါတယ်။
“တော်ရက်စ်လို ဂိုးသွင်းကောင်းတဲ့ ကစားသမားမျိုး အသင်းမှာ ရှိနေတဲ့အတွက် ကျနော်တို့ အ သင်းက ပိုပြီး ယုံကြည်မှု ရှိပါတယ်” လို့ ဘင်နီတတ်ဇ်က ပြောပါတယ်။
အသက် (၂၄)နှစ်အရွယ် တော်ရက်စ်ဟာ လီဗာပူးအတွက် ဒီနှစ်ရာသီ ပွဲဦးထွက်မှာပဲ ဂိုးပေါင်း (၃၀) သွင်းပေးထားပါတယ်။
“ကစားသမားတွေက တခါတလေမှာ ကောင်းကောင်းမကစားနိုင်ပေမယ့် ဂိုးတွေတော့ ရနေ ပါတယ်။ ဒီဂိုးတွေက တော်ရက်စ်ကြောင့်ပါ။ အခု အခြေအနေက ဒီလို မဟုတ်ပါဘူး။ အသင်း ကလည်း ကောင်းကောင်း ကစားနိုင်နေတဲ့အချိန်၊ ယုံကြည်မှုလည်း ရှိနေတဲ့အချိန်နဲ့ တော် ရက်စ်လည်း ဖန်တီးမှုတွေ လုပ်နေတဲ့ အချိန် ဖြစ်ပါတယ်”
ချဲလ်ဆီးနည်းပြနဲ့ ပက်သက်လို့ စပိန်သားနည်းပြက “အေဘရန်ဂရန့်က သူ့အလုပ်ကို ကောင်း ကောင်းလုပ်နိုင်တဲ့ လူတစ်ယောက်ပါ။ သူတို့အသင်းကတော့ အရင်တုန်းက အသင်းပါပဲ။ တိုက်စစ်ရော၊ ခံစစ်မှာပဲ ဟန်ချက် ကောင်းကောင်းထိန်းနိုင်တဲ့အသင်း ဖြစ်နေဆဲပါ” လို့ ထပ် ပြောပါတယ်။
၎င်းက ဆက်လက်ပြီး “ဒီပွဲမှာ ကျနော်တို့ စိတ်ရှည်သည်းခံဖို့နဲ့ အမှားအယွင်းနည်းဖို့ လိုပါ တယ်။ ဘောလုံးကိုင်ထားထားပြီးမှ အခွင့်အရေးတွေ ဖန်တီးရမှာပါ” လို့ ပြောပါတယ်။
ဒီညပွဲမှာ ဒဏ်ရာကြောင့် တစ်ပွဲနားနေရတဲ့ လီဗာပူးအသင်းခေါင်းဆောင် ဂျရတ် ပြန်ပါလာမှာ ဖြစ်သလို ချဲလ်ဆီးကွင်းလယ်လူ လမ်းပတ်လည်း အဆင်သင့် ဖြစ်နေပါတယ်။
|