ရော်နယ်ဒင်ဟိုရဲ့ အပြောင်းအရွေ့အတွက် ပဏာမ ညှိနှိုင်းနေဆဲမှာပဲ အေစီမီလန်နဲ့ ဘာစီလိုနာတို့ ပြောင်း ရွေ့ကြေးအတွက် သဘောတူညီချက် မရဘဲ ဖြစ်နေပါတယ်။
မီလန်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို သဘောတူညီချက် ရထားပြီးဖြစ်တဲ့ အသက် (၂၈)နှစ်အရွယ် ဘရာဇီး ကစားသမားဟာ မန်ချက်စတာစီးတီးအသင်းနဲ့လည်း ဆက်သွယ်မှုတွေ ရှိနေပါတယ်။
“ရော်နယ်ဒင်ဟိုကို ခေါ်ဖို့ ကျနော်တို့မှာ ယုံကြည်မှု ရှိပါတယ်။ ကျနော်တို့ဆီမှာ သူ့အနေနဲ့ ပုံမှန် ကစားခွင့် မရစရာ မရှိပါဘူး” လို့ မီလန်ရဲ့ အမှုဆောင်အရာရှိ အက်ဒီရာနိုက ပြောပါတယ်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားဟောင်း ရော်နယ်ဒင်ဟိုဟာ ဒီနှစ်ရာသီအတွင်းမှာ နူကန့်ကလပ်မှာ ဒဏ် ရာပြဿနာနဲ့အတူ ပုံမှန် ကစားခွင့်ရဖို့ ရုန်းကန် နေရပါတယ်။
သူဟာ ဒီရာသီအတွင်းမှာ ဘာစီလိုနာ ကစားထားတဲ့ ပွဲပေါင်း (၃၀)မှာ (၁၃)ပွဲပဲ ကစားခွင့် ရထားပြီး ဒီလ အစော ပိုင်းက ရထားတဲ့ ခြေထောက်ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။
|