အာဖရိက အကောင်းဆုံး (၃)ကြိမ် ရဖူးထားတဲ့ ဆယ်မြူရယ် အီတိုးက လာမယ့်ရာသီမှာလည်း ဘာစီလိုနာ အနေနဲ့ ဆုဖလားတွေနဲ့ အလှမ်းဝေးနေသေးရင် အသင်းကနေ ထွက်ခွာရလိမ့်မယ်လို့ ခြိမ်းခြောက် လိုက်ပါတယ်။
“လာမယ့် ရာသီမှာလည်း ဒီအတိုင်းပဲ ဆက်ဖြစ်နေရင် ကျနော် ဒီကနေ အသင်းပြောင်းမှာပါ။ ကျနော့်အနေနဲ့ ချန်ပီယံဖြစ်နိုင်တဲ့ နောက်အသင်းတစ်သင်းကို ပြောင်းမှာပါ” လို့ အီတိုးက ပြောပါတယ်။
“ဘာပဲဖြစ်ဖြစ် ကျနော် အသင်းပြောင်ရင် စပိန်မြေနဲ့ ဝေးတဲ့ နေရာကို ရောက်သွားမှာပါ။ စပိန်က တကယ်တော့ ကျနော့် အိမ်လိုပါပဲ။ ကျနော် ဘာစီလိုနာနဲ့အတူ အမြင့်ဆုံး အောင်မြင်မှုတွေကို ရယူ ပြီးပါပြီ” လို့ ကင်မရွန်း တိုက်စစ်မှူးက ပြောပါတယ်။
အီတိုးဟာ ၂၀၀၄မှာ ဘာစီလိုနာကိုရောက်ပြီး ကတ်တလန်ကလပ်နဲ့အတူ လာလီဂါ ချန်ပီယံ (၂)ကြိမ်နဲ့ ၂၀၀၆ မှာ ချန်ပီယံလိဂ် ချန်ပီယံ မဖြစ်ခင် အချိန်အထိ အက်စပန်ညို၊ ရီရဲလ်မက်ဒရစ်နဲ့ ရီရဲလ် မာယောကာတို့မှာ က စားခဲ့ ဖူးပါတယ်။
ဘာစီလိုနာဟာ သဘက်ခါညမှာ မန်ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ကစားရဖို့ ရှိနေပြီး အနိုင်ရဖို့ အားခဲ ထားပါတယ်။
|