DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ဘာကာတိုက်စစ်မှူး မက်ဆီကို မန်ယူအတွက် အန္တရာယ်ပေးမယ့်သူအဖြစ် တယ်ဗက်ဇ် ရှု့မြင်ထား
ဘီဘီစီ - ဧပြီ ၂၁၊ ၂၀၀၈

ဒဏ်ရာကနေ ပြန်လာတဲ့ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ မန်ယူကို အဓိက ခြိမ်းခြောက်သူအဖြစ် ပေါ်ထွက်လာလိမ့်မယ်လို့ တိုက်စစ်မှူး ကားလို့စ် တယ်ဗက်က ပြောပါတယ်။

လာလီဂါ အမှတ်ပေးဖလားကို လက်လွတ်လိုက်ရပြီဖြစ်တဲ့ ဘာစီလိုနာဟာ သဘက်ခါည အိမ်ကွင်းမှာ မန်ယူနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲ ကစားရမှာ ဖြစ်ပါတယ်။

တယ်ဗက်ဇ်ကတော့ အသက် (၂၀)အရွယ် အာဂျင်တီးနားအသင်းဖော် တိုက်စစ်မှူး မက်ဆီက မန်ယူအတွက် အကြီးမားဆုံး အန္တရာယ်တစ်ခုအဖြစ် ရှု့မြင် နေပါတယ်။

အသက် (၂၄)နှစ်အရွယ် တယ်ဗက်ဇ်က “ဘာစီလိုနာရဲ့ ကစားပုံက မက်ဆီ ပါတာနဲ့ မပါတာ လုံးဝ မတူပါဘူး။ သူ့ရဲ့ ကစားပုံက တခြားဂြိုလ်က လာသလိုပါပဲ” လို့ ပြောပါတယ်။

“သူ့ရဲ့ ကစားပုံက အရမ်းမြန်ပြီးတော့ တားဆီးဖို့ ခက်ပါတယ်။ ဘာကာတစ်သင်းလုံးအတွက် သူက အဓိက ကစားသမားတစ်ယောက်ပါ”

မန်ယူကတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်နှစ်ခုစလုံးမှာ မျှော်လင့်ချက် ရှိနေပေမယ့် ဘာစီလိုနာကတော့ လာလီဂါမှာ ဇယားထိပ်က ရီရဲလ်နဲ့ (၁၁)မှတ် ကွာသွားပြီဖြစ်ပါတယ်။

ဘာကာမှာ ဘရာဇီးစတား ရော်နယ်ဒင်ဟို နာနေပြီး နောက်ခံလူ ဇမ်ဘရော့တာတော့ ပြန်ကစားနိုင်ဖွယ် ရှိနေပါတယ်။


ဘာကာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ