DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
မန်ယူထက် ဘာစီလိုနာက ပိုကောင်းလို့ ဗိုလ်လုပွဲ အိမ်မက်အတွက် အီတိုး အဆင်သင့်ဖြစ်နေ
သည်ဆန်း - ဧပြီ ၁၁၊ ၂၀၀၈

ဘာစီလိုနာက မန်ယူထက် ပိုကောင်းတဲ့အတွက် ချန်ပီယံ ဗိုလ်လုပွဲ အိမ်မက်ကိုမက်ဖို့ အဆင်သင့် ဖြစ်နေဖြစ်လို့ တိုက်စစ်မှူး ဆယ်မြူရယ်အီတိုးက ယုံကြည် နေပါတယ်။

“ယူနိုက်တက်က ကြီးကျယ်တဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့် ကျနော်တို့က သူတို့ထက် ပိုပြီး ခြေစွမ်းပိုင်းမှာ ကောင်းပါတယ်” လို့ အီတိုးက ပြောပါတယ်။

“မော်စကိုမှာ ကစားမယ့် ဗိုလ်လုပွဲအတွက် ကျနော် အိမ်မက်မက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဘာလို့ ဗိုလ်လုပွဲ မရောက်ရမှာလဲ”

အသင်းဖော် ပူယိုးလ်ကလည်း မန်ယူကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်လိမ့်မယ်လို့ အခိုင်အမာ ပြောပါတယ်။

အသက် (၃၀)အရွယ် ပူယိုးလ်က “ဆီမီးဖိုင်နယ်မှာ မန်ယူနဲ့ ဆုံရတာဟာ ချန်ပီယံလိဂ် သမိုင်းမှာ ကြီးကျယ်တဲ့ မှတ်တမ်းတစ်ခု အဖြစ် ကျန်ရှိနေမှာပါ” လို့ ပြောပါတယ်။

“ကျနော်တို့ မန်ယူကို လေးစားပါတယ်။ သူတို့က အသင်းကြီးတစ်သင်း ဖြစ်ပြီးတော့ ခြေစွမ်း ထက်တဲ့ ကစားသမားတွေလည်း အများကြီး ရှိပါတယ်”

ဘောလုံးအကဲခတ်တွေကတော့ ဗိုလ်လုပွဲရောက်ဖို့အတွက် မန်ယူနဲ့ ဘာစီလိုနာတို့ နှစ်သင်း စလုံးမှာ (၅၀)ရာခိုင်နူန်းစီ အခွင့်အရေး ရှိနေတယ်လို့ သုံးသပ်ပါတယ်။


လေ့ကျင့်ရေးကွင်းက အီတိုး