DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ဖလား (၂)ခုစလုံးကို မျှော်လင့်နိုင်နေတဲ့ မန်ယူက အာစင်နယ်နဲ့ ရင်ဆိုင်ဖို့အတွက် ယုံကြည်မှု အပြည့်ရှိနေ
အေဂျင်စီသတင်းများ - ဧပြီ ၁၀၊ ၂၀၀၈

မနေ့ည ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်သွားတဲ့ မန်ယူနိုက်တက်ဟာ အာစင်နယ်နဲ့ ရင်ဆိုင်မယ့် ပရီးမီးယားရှစ်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ ဖာဂူဆန်က ယုံကြည်နေပါတယ်။

အမှတ်ပေးဇယားမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ မန်ယူဟာ အိုးထရက်ဖို့ဒ်မှာ အာစင်နယ်ကို အနိုင်ရရင် ဒီနှစ် ပရီးမီးယားရှစ် ချန်ပီယံဆုနဲ့ လက်တကမ်းအကွာကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

မန်ယူဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ နှစ်ပွဲရလဒ် (၃ - ၀)နဲ့ ရိုးမားကို အနိုင်ရသွားလို့ ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဖာဂူဆန်က “မစ်ဒယ်ဘရော့နဲ့ သရေကျတဲ့ပွဲကို အမြဲတမ်း ကျနော် ပြန်ပြီး လေ့လာမိပါတယ်။ တော်တော် ခက်တဲ့ ပွဲပါ။ သူတို့ ကျနော်တို့ အနိုင်ယူ နိုင်ပါတယ်။ ကံကောင်းလို့ သရေတစ်မှတ် ရတာပါ” လို့ ပြောပါတယ်။

“အာစင်နယ်၊ ချဲလ်ဆီးတို့နဲ့ ကစားရမယ့် ပွဲတွေက တကယ့် ပွဲကြီးနှစ်ပွဲပါ။ အာစင်နယ်ကတော့ ခင်များတို့ သိတဲအတိုင်းပဲ ကျနော်တို့ရဲ့ (၁၃)နှစ်တိတိ အဓိက ပြိုင်ဖက်အဖြစ် ရှိနေတာပါ”

“ဒီပွဲက ကျနော်တို့အတွက် ခက်မယ်ဆိုတာ သိပါတယ်။ အိမ်ကွင်းမှာ အခွင့်အရေး ယူနိုင်လိမ့်မယ်လို့ မျှော်လင့် ပါတယ်”

ယူနိုက်တက်ဟာ ဒဏ်ရာကြောင့် ကာလကြာရှည် နားနေရတဲ့ ဂယ်ရီ နဗီးလ်နဲ့ ဆီဗက်စတာတို့ ပြန်ကစား နိုင်ပြီဖြစ်လို့ ခံစစ်ပိုင်းအတွက် အထောက်အကူရတော့မှာ ဖြစ်ပါတယ်။

ဒဏ်ရာရနေတဲ့ ဆားဘီးယားနောက်ခံလူ ဗစ်ဒစ်ကတော့ အာစင်နယ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မှာ မဟုတ် သေးပါ ဘူး။

ဖာဂူဆန်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာနဲ့ ဆုံရတဲ့အတွက် စိတ်လှုပ်ရှားမိတဲ့အကြောင်းကိုလည်း ပြောပါတယ်။

“ဒီအချိန်က ကျနော်တို့အသင်းအတွက် ရှယ်ပါပဲ။ ဘာစီလိုနာနဲ့ ဆုံရလို့ အကောင်းမြင်ပါတယ်”

ယူနိုက်တက်ဟာ ၁၉၉၈ ချန်ပီယံလိဂ် အုပ်စုပွဲတုန်းက ဘာစီလိုနာနဲ့ ဆုံဖူးပြီး တစ်ဖက် (၃)ဂိုးစီနဲ့ သရေကျ ထားပါတယ်။

ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို (၂၂)နဲ့ (၂၃) ရက်နေ့တွေမှာ စပိန်မြေမှာ အရင်ဆုံး ကစားဖို့ရှိပြီး ဒုတိယ အကျော့ကိုတော့ (၂၉)နဲ့ (၃၀)ရက်တွေ့မှာ ကစားရမှာ ဖြစ်ပါတယ်။


မန်ယူလေ့ကျင့်ရေးကွင်း လက်ထောက်နည်းပြ ကွီရော့စ်နဲ့ ဖာဂူဆန်