ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာလို့ နာကျင်နေရင်တောင် ဘောလုံးလောကကို အဆင့်မြင့်မြင့်နဲ့ ပြန်ကစားနိုင်ဖို့ ဆုံးဖြတ်ထားကြောင်း အေစီမီလန်တိုက်စစ်မှူး ရော်နယ်ဒိုက မနေ့က အသိပေး ပြောဆိုပါတယ်။
ဖေဖေါ်ဝါရီလအတွင်းမှာ ဘယ်ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူထားတဲ့ အ သက် (၃၁)နှစ်အရွယ် တိုက်စစ်မှူးက ဘောလုံးလောကကို ကျောခိုင်းရတော့မယ် ဆိုတဲ့ မှန်း ဆချက်တွေကို ပယ်ချထားပါတယ်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို (၃)ကြိမ် ရဖူးတဲ့ ရော်နယ်ဒိုက “ကျနော့် ဘ၀မှာ ဘော လုံး မကစားရဘဲနဲ့ ဘယ်လို ရှင်သန်ရမလဲ ဆိုတာကို မှန်းဆလို့ မရနိုင်အောင် ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
“ဒဏ်ရာရပြီး ပထမပတ်အတွင်းမှာ ကျနော့်ရဲ့ ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ အဖျက်ဆီး ခံလိုက်ရသလို ဖြစ်သွားပါတယ်”
“အဲဒီကနေ တဖြည်းဖြည်းနဲ့ တိုးတက်လာတာ အခုဆိုရင် အရာရာကို လုပ်နိုင်ဖို့ အစပြု နေပါပြီ။ အပြေးလေ့ကျင့်ခန်း စဖို့အတွက် နောက်ထပ် (၄)လလောက် စောင့်ရအုံးမှာပါ။ ဒါပေ မယ့် ပထမအကြိမ်တုန်းကရတဲ့ ဒဏ်ရာထက် ပိုပြီး မြန်မြန်ပျောက်ပါလိမ့်မယ်”
ဘရာဇီးသား ရော်နယ်ဒိုဟာ ၁၉၉၉ ရာသီတုန်းက ညာဖက် ဒူးအရွတ်ကြော စုတ်ပြဲတဲ့ ဒဏ်ရာ ရခဲ့လို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရ ဖူးပါတယ်။
ရော်နယ်ဒိုအနေနဲ့ ၂၀၀၉ အစောပိုင်း အချိန်အထိ ဘောလုံးပြန်ကစားနိုင်အုံးမှာ မဟုတ် သေးပါဘူး။
သူ ကိုယ်တိုင်ကတော့ အေစီမီလန်အတွက် တကျော့ပြန် ကစားပေးနိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။
|