DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ဒီည ရိုးမားနဲ့ပွဲမှာ ဖာဒီနန် ပြန်ကစားနိုင်ဖို့ ဖာဂူဆန် မျှော်လင့်ထား
ဘီဘီစီ - ဧပြီ ၉၊ ၂၀၀၈

ရိုးမားနဲ့ ကစားမယ့် ဒီည ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ နောက်ခံလူ ရီယို ဖာဒီနန် ကြံ့ခိုင်မှု ပြည့်ဝလာလိမ့်မယ်လို့ နည်းပြ ဖာဂူဆန်က မနေ့က ပြောပါတယ်။

မစ်ဒယ်ဘရော့နဲ့ တနင်္ဂနွေနေ့က တစ်ဖက်နှစ်ဂိုးစီနဲ့ သရေကျတဲ့ပွဲမှာရတဲ့ ခြေဖ၀ါး ဒဏ်ရာကြောင့် ဖာဒီနန်ဟာ ရိုးမားနဲ့ပွဲကို လွဲချော်တော့မယ်လို့ မျှော်လင့် ရပါတယ်။

“ရိုးမားနဲ့ပွဲမှာ သူ ပြန်ကစားနိုင်ဖို့ ကျနော် မျှော်လင့်ထားပါတယ်။ ဓါတ်မှန်ရိုက်ချက်မှာလည်း ဘာမှ မတွေ့ရပါဘူး။ ဒါက ကောင်းသတင်းပါ။ ဒါကြောင့် ကျနော်တို့အတွက် သူ ကစား ပေးနိုင်ဖို့ ကြံ့ခိုင်မှာပါ” လို့ ဖာဂူဆန်က ပြောပါတယ်။

ဖာဒီနန် ပြန်ကစားနိုင်ရင် မန်ယူနောက်တန်းအတွက် အများကြီး အထောက်အကူ ဖြစ်မှာ ဖြစ်ပေမယ့် ဖာဂူဆန်ကတော့ သူ မကစားနိုင်ရင် ဆီဗက်စတာနဲ့ ဂယ်ရီ နဗီးလ်ကို အစားထိုးဖို့ စဉ်းစားထား ပါတယ်။

ရိုးမားအသင်းဟာ ပထမအကျော့ အိမ်ကွင်းပွဲမှာတုန်းက မန်ယူကို (၂ - ၀)နဲ့ ရှုံးထားပြီး မနှစ် က အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ကွာတားဖိုင်နယ်မှာ (၇ - ၁)နဲ့ အကြီးအကျယ် ရှုံးထား ဖူး ပါတယ်။

ဖာဂူဆန်ကတော့ သူ့အသင်း ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ သေချာနေပြီ ဆိုတာကို တ ထစ်ချ လက်မခံဘဲ ရိုးမားဖက်ကို စောစောစီးစီး ဂိုးတွေသွင်းနိုင်ဖို့ မျှော်လင့်နေ ပါတယ်။

ဖာဂီက “ဒါက ကျနော်တို့ရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်ပါ။ ကျနော်တို့က စပြီး ဂိုးသွင်းနိုင်ဖို့ လိုပါတယ်။ ဒါမှ ကျနော်တို့အတွက် ဖိအားတွေ ကျသွားပြီး ရိုးမားကို အကြီး အကျယ် ဒုက္ခ ရောက်စေမှာ ဖြစ်ပါတယ်” လို့ ထပ် ပြောပါတယ်။

မန်ယူဟာ နောက်တဆင့် ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ အခြေအနေ ကောင်းနေပြီး ဆီမီးမှာ စပိန်ထိပ်သီး ဘာစီလိုနာနဲ့ ရင်ဆိုင်ရဖို့ များနေပါတယ်။

ဆီမီးဖိုင်နယ် ပထမအကျော့နဲ့ ဒုတိယအကျော့ ပွဲစဉ်တွေကို လာမယ့် (၂၃)ရက်နဲ့ (၃၀)ရက် နေ့တွေမှာ စတင် သွားမှာ ဖြစ်ပါတယ်။


မစ်ဒယ်ဘရော့ ကစားသမား အိုနယ် (၀ဲ)ကို ဟန့်တားဖို့ ကြိုးစားနေတဲ့ ဖာဒီနန် (ယာ)