လီဗာပူးကိုရှုံးပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်သွားရတဲ့ပွဲမှာ တာဝန်ယူသွားတဲ့ ကွင်းလယ်ဒိုင်ရဲ့ ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တွေ အပေါ်မှာ အာစင်နယ်နည်းပြ အာစင်ဝင်းဂါးက အပြစ်ဖို့ လိုက်ပါတယ်။
“ကျနော့် စိတ်ထဲမှာ ဒီပွဲကတော့ (၂)ဂိုးစီသရေနဲ့ ပြီးသွားပြီလို့ ထင်နေတာပါ။ အဲဒီမှာတင် သူတို့ ပင်နယ်တီ ရသွားပါတယ်။ အဲဒီကစပြီး ကျနော်တို့အသင်းရဲ့ အာရုံစူးစိုက်မှုတွေ ဆုံးရှုံး သွားတာပါပဲ” လို့ အာစင်ဝင်းဂါးက ရင်ဖွင့်ပါတယ်။
“နှစ်ပွဲပေါင်း ရလဒ်က ကျနော်တို့အတွက် ဆေးခါးကြီး မျိုချရသလိုပါပဲ။ ဒိုင်ရဲ့ ပင်နယ်တီ ဆုံးဖြတ်ချက်က ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေကို အဆုံးသတ်ပေးလိုက်သလို ဖြစ်သွား ပါ တယ်”
ပွဲပြီးဖို့ (၈)မိနစ်လောက် အလိုမှာ တိုက်စစ်မှူး အဒီဘာယာက အာစင်နယ်အတွက် ဒုတိယ ချေပဂိုး သွင်းလိုက်လို့ (၂ - ၂)နဲ့ သရေဖြစ်သွားပြီး အဝေးဂိုး အားသာချက်နဲ့ ဆီမီးတက်ဖို့ မျှော်မှန်းနိုင်တဲ့ အနေအထားကို ရောက်ခဲ့ပါတယ်။
အာစင်နယ်ရဲ့ မျှော်လင့်ချက်တွေဟာ နောက် (၂)မိနစ်အကြာမှာ တိုရှုးက ဘာဘယ်ကို တား လိုက်သလို ဖြစ်သွားလို့ ပင်နယ်တီ အပေးခံလိုက်ရတဲ့ အချိန်မှာ အဆုံးသတ် သွားပါတယ်။
ဝင်းဂါးက “ဒါ ပင်နယ်တီ ပေးရမယ့် အလုံး မဟုတ်ပါဘူး။ ဒီဖြစ်ရပ်ကို ကျနော့် ပြန်ကြည့် ပြီးပါပြီ။ ပင်နယ်တီ မပေးသင်ပါဘူး” လို့ စောဒက တက်ပါတယ်။
နောက်ခံလူ တိုရှုး ကိုယ်တိုင်ကလည်း ၀င်းဂါးလိုပဲ ပင်နယ်တီ မပေးသင့်ကြောင်း ပြောပါတယ်။
“လီဗာပူး ပင်နယ်တီ ရသွားတာ ကျနော်တို့အတွက် တော်တော် ခံရခက်ပါတယ်။ ကျနော်က ဘာဘယ်ဆီကနေ အဝေးကို ရှောင်ထွက် လိုက်တာပါ။ နောက်ပြီး ပင်နယ်တီ ဧရိယာအပြင်မှာ ဖြစ်တာပါ။ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ဘာလုပ်နိုင်မှာလဲ” လို့ တိုရှုးက ပြောပါတယ်။
ပြင်သစ်သားနည်းပြရဲ့ အသင်းဟာ ဒီနှစ်ရာသီအတွင်းမှာ ခြေစွမ်းတက်နေပေမယ့်လည်း တ ဖြည်းဖြည်းနဲ့ ဖလားတစ်ခုပြီးတစ်ခု လက်လွတ်လာတိုက်တာ အခုဆိုရင် နောက်ဆုံး မျှော် လင့်စရာ ချန်ပီယံလိဂ်ကနေ ထွက်သွားရပြီမို့ ဖလားလက်မဲ့နဲ့ ရာသီသိမ်းရမယ့် အခြေအနေ မျိုးကို ဆိုက်ရောက် နေပါတယ်။
လက်ကျန်ပွဲ (၅)ပွဲ ကစားဖို့ ကျန်တော့တဲ့ ပရီးမီးယားရှစ်မှာ အာစင်နယ်ဟာ အမှတ်ပေး ဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက မန်ယူနဲ့ (၆)မှတ်၊ ဒုတိယနေရာက ချဲလ်ဆီးနဲ့ (၃)မှတ် အကွာမှာ ရပ်တည်နေပါတယ်။
|

ဘင်နီတတ်ဇ် (၀ဲ)နဲ့ အာစင်ဝင်းဂါးတို့က ကွင်းပြင်ကနေ ညွှန်ကြားနေစဉ်
|