DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
စီရော်နယ်ဒိုကို စကားလုံးတွေနဲ့ တိုက်ခိုက် ရန်စဖို့ အစီအစဉ်မရှိကြောင်း ရိုးမားနည်းပြ ပြော
ရိုက်တာ - ဧပြီ ၉၊ ၂၀၀၈

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲမတိုင်မီမှာ မန်ယူကစားသမား စီရော်နယ်ဒိုကို စကားလုံးတွေနဲ့ တိုက်ခိုက်ပြောဆိုတာတွေကို လုပ်ဆောင်သွားဖို့ မရှိကြောင်း ရိုးမားနည်းပြ စပက်လက်တီက မနေ့က ပြောပါတယ်။

ရိုးမားကွင်းလယ်လူ ပီဇာရိုကတော့ ရော်နယ်ဒိုဟာ ဘောလုံး ကစားတဲ့ နေရာမှာ တဖက် ကစားသမားတွေကို လေးစားမှု မရှိကြောင်း စွပ်စွဲထားပါတယ်။

အားကစား ဒါရိုက်တာ ဘရူနို ကွန်တီကလည်း ဒီရာသီမှာ (၃၇)ဂိုး သွင်းထားတဲ့ ရော်နယ်ဒိုရဲ့ အပြုအမူတွေဟာ ပရိတ်သတ်တွေအတွက် ရယ်စရာ ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

နည်းပြ စပက်လက်တီက “သူနဲ့ ပက်သက်လို့ ကျနော် စိုးရိမ်နေတာ ကြာပါပြီ။ ရော်နယ်ဒိုက အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူက ကျနော်တို့နဲ့ ကစားတဲ့ပွဲမှာ ကြီး ကျယ်တဲ့ ကစားသမားတစ်ယောက်က ဘယ်လို ဆိုတာကို ပြသခဲ့ ပြီးပါပြီ” လို့ ပြောပါတယ်။

“သူက စိတ်ဓါတ်အရမ်း တက်ကြွတဲ့ ကစားသမားပါ။ နောက်ပြီး မျှတတဲ့ ကစားသမားပါ။ သူ့ရဲ့ အစွမ်းအစတွေကြောင့် ဒါတွေကို အတိအကျ အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်”

ရိုးမားနဲ့ မန်ယူတို့ဟာ လွန်ခဲ့တဲ့ (၄)နှစ်အတွင်းမှာ ရှားရှားပါးပါး (၅)ကြိမ် ဆုံထားပြီး အင်္ဂလိပ် အသင်းက (၃)ပွဲနိုင်၊ အီတလီအသင်းက (၁)ပွဲနိုင်၊ (၁)ပွဲ သရေကျ ထားပါတယ်။

စပက်လက်တီက ပထမအကျော့မှာ ရှုံးထားပေမယ့် နောက်တဆင့်တက်ဖို့ မျှော်လင့်ချက် ရှိ နေသေးတယ်လို့ ယုံကြည်နေပါတယ်။

“မဖြစ်နိုင်တာ ဘာမှ မရှိပါဘူး။ အရင်တုန်းက (၇ - ၁)နဲ့ ရှုံးခဲ့ပေမယ့် ဒါမျိုး အခု ထပ်ဖြစ်လိမ့် မယ်လို့ ကျနော် မယုံကြည်ပါဘူး”

ရိုးမားနည်းပြက “ကျနော့် ကစားသမားတွေက ဂိုးတွေသွင်းနိုင်ဖို့ စွမ်းရည်တွေ ရှိပါတယ်။ ကျနော်တို့ နောက် တဆင့်ကို တက်ဖို့ ဆန္ဒပြင်းပြ နေပါတယ်” လို့ ထပ်ပြောပါတယ်။

အသင်းခေါင်းဆောင် တော့တီကတော့ ဒီညပွဲမှာ ရိုးမားအတွက် ကစားပေးနိုင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။


ရိုးမားနည်းပြ စပက်လက်တီ