DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
မန်ယူကလွဲရင် အပြတ်ပြောလို့မရသေးတဲ့ ချန်ပီယံလိဂ်
ကိုစိုးမိုး(IBC) - ဧပြီ ၈၊ ၂၀၀၈

ဒီနှစ်ချန်ပီယံလိဂ်ဟာ ထူးခြားမှု အများကြီးရှိတဲ့ နှစ်လို့ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ကွာတား ဖိုင်နယ်အဆင့်ကို တက်ရောက်လာတဲ့ ၈ သင်းမှာ အင်္ဂလိပ် ပရီးမီးယားလိဂ် ကလပ် ၄ သင်းစလုံး စံချိန်တင် ပါဝင်လာ ခဲ့တဲ့အပြင် ကွာတား တက်လာနိုင်ခဲ့တဲ့ အသင်းတွေ ထဲမှာ မန်ယူကလွဲရင် ကျန်တဲ့အသင်းတွေဟာ ဆိုင်ရာလိဂ်တွေရဲ့ ချန်ပီယံအသင်း တွေ မဟုတ်တာတော့ ထူးခြားချက် တစ်ခုပဲ။ ဒါ့အပြင် အေစီမီလန်အသင်းဟာ ရှုံးထွက်အဆင့်မှာ ပဲကျန်ခဲ့လို့ ဒီနှစ်ချန်ပီယံလိဂ်ဟာ ကွာတားအဆင့်မှာပဲ လက်ရှိ ချန်ပီယံမပါတော့တဲ့ ပြိုင်ပွဲ ဖြစ်သွားခဲ့တယ်။

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်ဖြစ်တဲ့ အင်္ဂလန်ကလပ် ၄ သင်းကွာတား ဖိုင်နယ် တက်လာခဲ့ရာမှာလည်း အင်္ဂလန်နှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးတို့ဟာ မီလန် အခြေစိုက် အီတလီကလပ် နှစ်သင်းဖြစ်တဲ့ အေစီနဲ့ အင်တာတို့ကို တွေ့ဆုံ ကျော်ဖြတ် နိုင်ခဲ့တာက ထူးခြားမှု တစ်ခုပဲ။ ပြီးခဲ့နှစ် ချန်ပီယံ လိဂ်ကွာတားမှာ တွေ့ခဲ့ဖူးတဲ့အပြင် ဒီနှစ် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း ထပ်တွေ့ခဲ့တဲ့ ပြိုင်ဘက် မန်ယူနဲ့ ရိုးမားတို့ဟာာ အခု ကွာတားဖိုင်နယ်မှာ တိုက်တိုက်ဆိုင်ဆိုင် ထပ်တွေ့လာခြင်းဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဖြစ်တောင့် ဖြစ်ခဲတွေ့ဆုံမှုလို့ ပြောရမယ်။ ဒီနှစ်သင်းဟာ တစ်နှစ်တာ အချိန်ကာလအတွင်း ရာသီနှစ်ခုရဲ့ ချန်ပီယံလိဂ်မှာ စုစုပေါင်း ၆ ကြိမ် ထိပ်တိုက်ကစားဖို့ ဖြစ်လာသလိုမျိုး နောက်ပိုင်းနှစ်တွေမှာ ထပ်ဖြစ်ဖို့တောင် တော်တော် ခဲယဉ်းနိုင်သေးတယ် မဟုတ်လား။


မန်ယူအသင်း အမှတ်တံဆိပ်

ရေပန်းစားမှုအပြောင်းအလဲ

ကွာတားဖိုင်နယ်ပွဲစဉ်တွေ မဲခွဲရွေးချယ်ကာစက နာမည်ကြီး ဘာစီလိုနာဟာ မန်ယူနဲ့အတူ ဗိုလ်စွဲနိုင်ချေရေပန်းစားမှု အများဆုံး ဖြစ်ခဲ့ပြီး ချယ်လ်ဆီးက ဒုတိယ ရေပန်းအစားဆုံး အသင်း ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်က ပထမအကျော့ ပွဲစဉ်တွေ ကစားအပြီးမှာတော့ ရိုးမားကို အီတလီမြေမှာ ၂ ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ မန်ယူဟာ ထိပ်ဆုံးက ပြတ်ပြတ်သားသား ရေပန်းစား လာခဲ့ပြီး သူ့နောက်မှာ ဘာစီလိုနာ၊ လီဗာပူး၊ အာဆင်နယ်၊ တို့ရှိနေသလို ဖင်နာဘာ ချီအသင်းကလည်း ရေပန်းစားမှု ရာခိုင်နှုန်း တော်တော် တက်လာတာ တွေ့ရတယ်။ ဖင်နာဘာချီကို ရှုံးသွားတဲ့ နာမည်ကြီး ချယ်လ်ဆီးကတော့ ရေပန်းစားမှုတော် တော်ကျ ဆင်းသွား တယ်။ ဒီအချက်ကိုကြည့်ရင် ချန်ပီယံလိဂ်မှာ အသင်းတိုင်းဟာ အဆိပ်ကိုယ် စီရှိကြပြီးဘယ်အသင်းမှ အလွယ်တကူဗိုလ်မစွဲနိုင်လောက်အောင် အကြိတ်အ နယ် ရှိနေ တယ် ဆိုတာ ပေါ်လွင် ထင်ရှားစေပါတယ်။

ဖလားနှစ်လုံးလမ်းကြောင်းပေါ်ကအသင်းများ

ကွာတားတက်လာတဲ့ ၈ သင်းထဲက ဥရောပထိပ်တန်းလိဂ် ပြိုင်ပွဲကြီးတွေရဲ့ နာမည်ကြီး အသင်းတွေထဲမှာ မန်ယူ၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့ ၃ သင်းဟာ ပရီးမီးယား လိဂ်ချန်ပီယံ မျော်လင့်ချက် ကိုယ်စီရှိသေးပြီး အခုချန်ပီယံလိဂ်မှာလည်း အလားအလာကောင်း တွေရှိ နေသေးလို့ ဖလား ၂ လုံးရဖို့ မျှော်လင့်နိုင်တဲ့ လမ်းကြောင်း တွေမှာရှိနေသေးသလို ဘာစီ လိုနာနဲ့ ရိုးမားတို့ဟာလည်း ပြည်တွင်း အမှတ်ပေးလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ လုံးကို မျော်လင့်ခွင့် ရှိနေသေးတယ်။ ဒီအချက်က ဖလား ၂ လုံးလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အသင်းတွေအနေနဲ့ ချန်ပီယံ စစ်မျက်နှာနှစ်ခုကို တစ်ပြိုင်တည်း ဖွင့်ထားရတဲ့ သဘောဖြစ်လို့ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲတွေရဲ့ ရှေ့လာမယ့် ပွဲစဉ်ရလဒ်တွေနဲ့ အလားအလာက ချန်ပီယံလိဂ်မှာ ရိုက်ခတ်မှု တစ်စုံတစ်ရာ ရှိလာနိုင်တာကိုလည်း ထည့်တွက်ထားဖို့ လိုတယ်။

လိုအပ်ချက်ကိုယ်စီရှိသေး

ကစားပြီးသွားတဲ့ ပထမအကျော့ပွဲစဉ် ၄ ပွဲကို လေ့လာကြည့်ရင် ရိုးမားကို အိုလံပီကိုကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ နာမည် ကြီးမန်ယူဟာ ကျန်တဲ့အသင်းတွေထက် ဆီမီးဖိုင်နယ်တက်ဖို့ မျှော်လင့်ချက် သိသိသာသာ ပိုကောင်းသွားပြီဆိုတာ ငြင်းစရာမရှိပေမယ့် မန်ယူအသင်းမှာပင် လိုအပ်ချက်၊ အားနည်းချက် လေးတွေ ရှိနေသေးတာကို မစ်ဒယ်ဘရော့နဲ့ နှစ်ဂိုးစီသရေကျတဲ့ ပရီးမီးယားလိဂ်ပွဲမှာ တွေ့ခဲ့ရတယ်။ ဂျာမန်မြေမှာ ရှော့ကဲအသင်းကို ၁ ဂိုးနဲ့ ကပ်နိုင်ခဲ့တဲ့ ဘာစီလိုနာဆိုရင်လည်း အသင်းလိုက်ကစားပုံမှာ အားနည်းချက်တွေများစွာ ရှိနေသေး တာ တွေ့ရတယ်။

တိုက်စစ်စုဖွဲ့မှုမှာ အတောင့်တင်းဆုံး အနေအထားရှိပေမယ့် ကွင်းလယ်ကစားသမားတွေနဲ့ တိုက်စစ်မှူးတွေကြားမှာ ကစားကွက် နည်းဗျူဟာ အရလား၊ နားလည်မှု လွဲချော်မှုအရလား၊ စိတ်ခံစားမှုခြင်း မတူကြ လို့လားတော့ မပြောတတ်ဘူး။ အတွဲမိမိ မကစားနိုင်သေးဘဲ များသောအားဖြင့် တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှုကို အားကိုးပြီး တစ်ကိုယ်တော် ထိုးဖောက် ကစားမှုတွေ များနေတာ တွေ့နေရတယ်။

အထူးသဖြင့် ရော်နယ်ဒင်ညို၊ မက်ဆီတို့အုပ်စု ကြံ့ခိုင်မှု ပြဿနာနဲ့ ခြေစွမ်းမတည်ငြိမ် မှုတွေ ရှိနေတဲ့အချိန်မှာ တိုက်စစ်ကိုတွဲဖက်ပြီး ဦးဆောင်ကစားရ တဲ့ အွန်နရီ၊ အီတူး၊ ကာကစ်တို့ အတွဲသာ ဘောလုံးပညာနဲ့ ကစား ပုံအရ ပုံမှန်ခြေစွမ်းမျိုး ရခဲ့ရင် တစ်ဖက်နောက် တန်းကို အချိန်မရွေး ဒုက္ခပေးနိုင် စွမ်းရှိပေမယ့် အဆုံးသတ် မသေချာမှု၊ ဂိုးသွင်းလောကြီးနေမှု၊ တစ်ဦးချင်း ဘောလုံး ပညာအသားပေးထိုးဖောက် ကစားတတ်တာ  များနေမှုတွေကြောင့် ဂိုးရသင့် သလောက်မရဘဲ ဖြစ်နေတဲ့ သဘောပဲ။

ဒီအချက်ကို ဒီတစ်ပတ် ဂီတာဖေးနဲ့ လာလီဂါပွဲမှာ အထင်သား တွေ့ရပါတယ်။ဘာစီလိုနာရဲ့ အသိသာဆုံး အားနည်းချက်ကတော့ ခံစစ်ပိုင်း အားနည်းမှုတွေ ရှိနေပြီး တောင်ပံ ခံစစ် သမားတွေကလည်း ခြေအတက်အကျ မကြာ ခဏရှိနေလို့ လူကောင်း တွေရှိလျက်နဲ့ အသင်း ဟန်ချက်က မညီသလို ဖြစ်နေတယ်။ အဓိက ခံစစ်သမား ပူယိုလ်တို့အုပ်စု ကြံ့ခိုင်မှုနဲ့ ကစားအားကျလာတဲ့အချက်နဲ့ နည်းပြ ရီကတ်ရဲ့ ခံစစ်ဗျူဟာ ချမှတ်မှုအားနည်းချက်တွေ ကြောင့်လည်း ရှေ့က ဂိုးတွေသွင်းပြီး နောက်ကလည်း ဂိုးတွေမကြာခဏ ပြန်ပေးနေ ရတာတွေ့ရတယ်။ ရှော့ကဲနဲ့ ကစားခဲ့တဲ့ ပထမအကျော့မှာလည်း တစ်ဘက်အသင်းရဲ့ ထိုး ဖောက်မှုကို ဘာစီလိုနာခံစစ် အသည်းအသန် ခုခံကာကွယ်ခဲ့ရပြီး ဂိုးသမား ဗဲလ်ဒက်ကောင်း လို့သာ ချေပဂိုး ပြန်မပေးခဲ့ရတာ ဖြစ်တယ်။ ဒီအားနည်းချက်တွေကို ရီကတ်အနေနဲ့ အချိန်မီပြင်ဆင်ထားနိုင်မှသာ ဒုတိယအကျော့ အိမ်ကွင်းမှာ ရလဒ်ဆက်ကောင်းနိုင်ပါမယ်။

အာဆင်နယ်နဲ့ လီဗာပူးတို့မှာလည်း အားနည်ချက်ကိုယ်စီ ရှိနေသေးတာ တွေ့ရတယ်။ အာဆင်နယ်ရဲ့ အားနည်းချက်က လူငယ် ကစားသမား အများစုပါလို့ ပွဲရှိန် သိပ်မြင့်လာရင် တည်ငြိမ်မှုပျက်လာပြီး ပုံမှန်ခြေစွမ်းမျိုး ပျောက်သွားတတ်တဲ့ အချက်နဲ့ အရန်ကစား သမားအင်အား တောင့်တင်းမှု သိပ်မရှိခြင်းပါပဲ။ ဒါ့အပြင် နည်းပြ ၀င်းဂါးကလည်း သူ့အ သင်းကစားပုံကို တစ်မျိုးတည်းပုံစံနဲ့ လေ့ကျင့် ကစားစေတဲ့အတွက် သူတို့အသင်း ကစားဟန်ကို ပျက်အောင် နည်းဗျူဟာကျကျ တုံ့ပြန် ကစားတတ်တဲ့ အသင်းမျိုးနဲ့ တွေ့ရင် အခက်တွေ့စေတာကို သတိပြု သင့်ပါတယ်။ ခံစစ်နဲ့ ကွင်းလယ်က ထိပ် တန်းအဆင့်ရှိပေမယ့် ရှေ့မှာ အဒီဘာယော၊ ဗန်ပါစီတို့ အုပ်စုအတွဲ ပြန်မမိသေးတဲ့အချက်နဲ့ အဆုံးသတ်ပိုင်း ကျဆင်းလာတဲ့ အချက်တွေကလည်း အာဆင်နယ်အသင်းကို ပြတ်သားတဲ့ နိုင်ပွဲတွေနဲ့ ဝေးစေခဲ့ပြီး အခုလို အလွန်ခက်ခဲတဲ့ ချန်ပီယံလိဂ်ကွာတားပွဲစဉ်မျိုးမှာ ပိုပြီး ရုန်းကန် ရစေပါတယ်။ ဒါကြောင့် ၀င်းဂါးအနေနဲ့ အသင်းရဲ့ လက်ရှိ အားနည်းချက်တွေကို အမြန် ဆုံးပြုပြင်ဖို့ မဖြစ်နိုင်ရင်တောင် မျော်လင့်ချက် သိပ်မရှိတော့တဲ့ ပရီးမီးယားလိဂ်ကို အာရုံ လျော့ပြီး ချန်ပီယံလိဂ်ကို ပိုအာရုံစိုက် တင်ကစားသင့်နေပြီ လို့ ထင်ပါတယ်။

ချန်ပီယံလိဂ်မှာဆိုရင် ထူးထူးခြားခြားခြေစွမ်းနဲ့ ရလဒ် ကောင်းတတ် ပါတယ်ဆိုတဲ့ လီဗာပူး မှာလည်း အားနည်းချက်တွေ အတော်ရှိနေပါသေးတယ်။ ကစားပုံ ရိုးဆင်းမှု၊ ပုံသေပွဲ ထွက်စာရင်း မရှိသေးမှု၊ အဓိကအားထားရတဲ့ အလွန်ဆို၊ ဂျရတ်၊ တောရက်စ်၊  ကာရေဂါ တို့အုပ်စု ကစားအားနဲ့ ခြေစွမ်းပိုင်း အနည်းငယ်ကျဆင်း လာပေမယ့် သူတို့ နေရာကို အစားထိုးနိုင်တဲ့ ကစားသမားမျိုး ရှိမနေမှုများအပြင် နည်းပြဘင်နီတက်ဇ်ရဲ့ တစ်ခါတစ် ရံနည်းဗျူဟာနဲ့ လူစားလဲမှု အားနည်းချက်အချို့ကြောင့်လည်း အသင်းရလဒ် အကောင်းဆုံးမ ဖြစ်ခဲ့တာကို အာဆင်နယ်နဲ့ပွဲမှာ တွေ့ခဲ့ရတယ်။ လီဗာပူးရဲ့ အဆိုးဆုံးအား နည်းချက်ကတော့ သူတို့ဟာ ချန်ပီယံလိဂ်မှာဆိုရင် ဘယ်အသင်းကိုမဆို ကျော်ဖြတ်ပြနိုင်တယ်ဆိုတဲ့ စိတ်မျိုး များနေပြီး တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို ယုံကြည်မှုများနေတတ်တဲ့ အချက်ပါပဲ။ အမ်းမရိတ်မှာ အာဆင်နယ်ကို ၁ ဂိုးစီ သရေကစားထားနိုင်လို့ ဆီမီးတက်ဖို့ မျှော်လင့်ချက် နည်းနည်းပို ကောင်းနေတယ် ဆိုပေမယ့် အာဆင်နယ်သာ ချန်ပီယံလိဂ်တစ်ခုတည်းကိုမဲပြီး သေချာ ပြင်ဆင်ကစားရင် လျင်မြန်တဲ့ တိုက်စစ်မှူး တွေနဲ့ တည်ငြိမ်မှုပျက်သွားတတ်တဲ့ ကာရေဂါ၊ ဟစ်ပီယာတို့ရဲ့ လီဗာပူးခံစစ်ဟာ ဂိုးတွေ ပြန်ပေးရ နိုင်ပါတယ်။

နာမည်ကြီးအသင်းထဲမှာ အားနည်းချက်အများဆုံးကတော့ ချယ်လ်ဆီး ဖြစ်နေပါတယ်။ ကစားသမားအင်အားအရ အတောင့် င်းဆုံးလို့တောင် ဆိုနိုင်ပေမယ့် နည်းပြဂရန့်ရဲ့ အတွေ့ အကြုံနုနယ်မှု၊ နည်းဗျူဟာ ပိုင်းအားနည်းမှု၊ ကစားသမားတွေအပေါ် မောင်းနှင်ပေး နိုင်မှု အပိုင်း အားနည်း နေသေးမှု၊ ပွဲအခြေအနေပေါ် ကြည့်ပြီး နည်းဗျူဟာ ပြောင်းလဲနိုင်စွမ်း မရှိမှု၊ ကစားသမားတွေကို အတွဲဖက်မိအောင် ပွဲမထုတ်နိုင်သေးမှုများကြောင့် ချယ်လ်ဆီး အသင်း ဟာ ဖင်နာဘာချီကို အဝေးကွင်းမှာ ဦးဆောင်ဂိုး ရခဲ့လျက်နဲ့ ပွဲအပြီးမှာ ၂- ၁ နဲ့ ပြန် ရှုံး သွားခဲ့ပါတယ်။ ဦးဆောင်ကစားသမားတွေဖြစ်တဲ့ တယ်ရီ၊ လမ်းပတ်၊ အက်စီယန်၊ ဒရော့ဂ်ဘာ၊ အက်ရှ် လေကိုး၊ ဂျိုကိုးလ်တို့အုပ်စု ကစားအားနဲ့ ခြေစွမ်းနည်းနည်း ကျနေခဲ့မှုနဲ့ တူရကီပရိသတ်ရဲ့ ဖင်နာဘာချီအသင်းအပေါ် ပြင်းထန်တဲ့ အားပေးမှုကလည်း ချယ်လ်ဆီးကို အခုလို အရှုံးတွေ့ စေခဲ့တဲ့ အချက်တွေထဲမှာ ပါပါတယ်။

ချယ်လ်ဆီးကိုနိုင်သွားတဲ့ ဖင်နာဘာချီမှာလည်း အားနည်းချက် အချို့ရှိနေသေးပြီး အထူးသ ဖြင့် တိုက်စစ်အားသန်တဲ့ ဘရာဇီးနည်းပြ ဇစ်ကိုအနေနဲ့ စတန်းဖို့ဘရစ်ခ်ျမှာလည်း ချယ်လ် ဆီးကို လျော့တွက်ပြီး တိုက်စစ်ကိုပဲ ဖွင့်ကစားမိခဲ့ရင် အခက်တွေ့နိုင်ပါတယ်။  ဖင်နာဘာချီရဲ့ အသိသာ ဆုံးအားနည်းချက်ကတော့ အရန်အင်အား တောင့်တင်းမှု မရှိတာပါပဲ။

All English Final ဖြစ်ဖို့အတွက်

အခုချိန်မှာ မန်ယူကလွဲရင် ကျန်တဲ့ ၇ သင်းရဲ့ အလားအလာဟာ အပြတ်ပြောလို့ မရသေးတော့ ဒီတစ်ပတ်ကစာရမယ့် ဒုတိယအကျော့ပွဲစဉ်တွေဟာ အသင်းတိုင်းအတွက် အရေးပါ နေတယ်။ လီဗာပူးနဲ့အာဆင်နယ်မှာ လီဗာပူးက နှာတစ်ဖျားလောက် အလေး သာသ လို ရှိနေပြီး ဘာစီလိုနာကလည်း နူကမ့်မှာ ဒုတိယအကျော့ ကစားရမှာမို့ မျော်လင့်ချက် ပိုရှိနိုင်တယ်လို့ အကြမ်းဖျင်းပြောနိုင်ပေမယ့် ဖင်နာဘာချီဟာ မော်ရင် ညိုလက်ထက် ကတည်းက အိမ်ကွင်း ရှုံးပွဲမရှိသေးတဲ့ ချယ်လ်ဆီးရဲ့ စံချိန်ကို ဖျက်နိုင်မဖျက်နိုင် အပြတ် ပြောလို့ မရသေးပါဘူး။ ကစားသမားအင်အား တောင့်တဲ့ ချယ်လ်ဆီးကို အထင်သေး လို့ မရသလို ဖင်နာဘာချီကိုလည်း လျော့တွက်လို့ မရတာကြောင့် ဒီနှစ်ချန်ပီယံလိဂ်ဟာ All English Final ဖြစ် မဖြစ်ဆိုတာ လောလောဆယ် ဂရန့်တို့ အဖွဲ့ပေါ်မှာ မူတည်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ပတ် ဒုတိယအကျော့ပွဲစဉ်တိုင်းဟာ အိပ်ရေးပျက်ခံရကျိုး နပ်လိမ့် မယ်လို့ မျော်လင့်မိပါ တယ်။

ပြီးခဲ့တဲ့၁၀ နှစ်အတွင်းချန်ပီယံလိဂ် ဆီးမီးတက်ခဲ့သောအသင်းများ     

၁၉၉၇-၉၈      -        ရီးယဲလ်(စပိန်)၊ ဒေါ့တ်မန်(ဂျာမနီ)၊
ဂျူဗင်တပ် (အီတလီ)၊ မိုနာကို(ပြင်သစ်)
၁၉၉၈-၉၉      -        မန်ယူ(အင်္ဂလန်)၊ ဘိုင်ယန်မြူးနစ်(ဂျာမနီ)၊
ဂျူဗင် တပ်(အီတလီ)၊ ဒိုင်နမိုကိဗ်(ယူကရိန်း)
၁၉၉၉-၀၀      -        ရီးယဲလ်မက်ဒရစ်(စပိန်)၊ ဘာစီလိုနာ(စပိန်)၊
ဗလန်စီယာ(စပိန်)၊ ဘိုင်ယန်မြူးနစ်(ဂျာမနီ)
၂၀၀၀-၀၁      -        ရီးယဲလ်မက်ဒရစ်(စပိန်)၊ ဗလန်စီယာ(စပိန်)၊
လိဒ် (အ၈င်္လန်)၊ ဘိုင်ယန်မြူးနစ်(ဂျာမနီ)
၂၀၀၁-၀၂      -        ရီးယဲလ်မက်ဒရစ်(စပိန်)၊ ဘာစီလိုနာ(စပိန်)၊
မန်ယူ (အင်္ဂလန်)၊ လီဗာကူဆင်(ဂျာမနီ)
၂၀၀၂-၀၃      -        ရီးယဲလ်မက်ဒရစ်(စပိန်)၊ အေစီမီလန်(အီတလီ)
ဂျူဗင်တပ်(အီတလီ)၊ အင်တာမီလန်(အီတလီ)
၂၀၀၃-၀၄      -        ပေါ်တို(ပေါ်တူဂီ)၊ မိုနာကို(ပြင်သစ်)၊
ချယ်လ်ဆီး (အင်္ဂလန်)၊ ဒီပိုတီဗို(စပိန်)
၂၀၀၄-၀၅      -        လီဗာပူး(အင်္ဂလန်)၊ ချယ်လ်ဆီး(အင်္ဂလန်)၊
အေစီမီလန်(အီတလီ)၊ ပီအက်စ်ဗီ(နယ်သာလန်)
၂၀၀၅-၀၆      -        ဘာစီလိုနာ(စပိန်)၊ ဗီလာရီးယဲလ်(စပိန်)၊
အေစီမီလန်(အီတလီ)၊ အာဆင်နယ်(အင်္ဂလန်)
၂၀၀၆-၀၇      -        အေစီမီလန်(အီတလီ)၊ လီဗာပူးလ်(အင်္ဂလန်)
ချယ်လ်ဆီး(အင်္ဂလန်)၊ မန်ယူ(အင်္ဂလန်)

တစ်နိုင်ငံထဲမှ အသင်းချင်း ဗိုလ်လုပွဲ၌ တွေ့ဆုံခဲ့မှု

၁၉၉၉-၀၀      ရီးယဲလ်          -        ဗလန်စီယာ
၂၀၀၂-၀၃      အေစီမီလန်     -        ဂျူဗင်တပ်

ချန်ပီယံလိဂ်ဂိုးအများဆုံး သွင်းထားသူများ

ယူဆက်ဖ်ကိုနီ            ရိုဆင်ဘော့ဂ်            ၈        ဂိုး
စီရော်နာဒို                မန်ယူ                     ၇        ဂိုး
မက်ဆီ                     ဘာစီလိုနာ               ၆        ဂိုး
ဖာဘရီဂက်စ်             အာဆင်နယ်              ၆        ဂိုး
ဂျရတ်                     လီဗာပူး                   ၅        ဂိုး
ဒါကောက်ခ်ျ              လီဗာပူး                   ၅        ဂိုး
ဒေးဗစ်ဒီဆူဇာ            ဖင်နာဘာချီ              ၅        ဂိုး
ရာအူးလ်                  ရီးယဲလ်                    ၅        ဂိုး