ချန်ပီယံလိဂ် ကွာတားပထမ အကျော့ ပွဲစဉ်ရလဒ်တွေအရ မန်ယူတစ်သင်းသာ နောက်တစ် ဆင့်တက်ဖို့ အလားအလာ ကောင်းနေပြီး ကျန်တဲ့ သင်းတွေက အပြတ်ပြောလို့ မရသေး တော့ အခုတစ်ပတ် ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ အကြိတ်အနယ်ရှိပြီး သေချာ စောင့်ကြည့်ရမယ့် သဘောရှိတယ်။ ဒါကြောင့် မထင်မှတ်တဲ့ ပွဲရလဒ် တချို့လည်း ထွက်ပေါ်လာနိုင်တာကို သတိထားဖို့ လိုလိမ့်မယ်။ ဒုတိယအကျော့ ရလဒ်ဟာ ဆိုင်ရာ အသင်းတွေရဲ့ ကစားသမားအင်အားနဲ့ လက်ရှိခြေစွမ်းအပြင် ဒီပွဲမတိုင်မီ သူတို့ အမှတ်ပေး လိဂ်တွေမှာ ကစားရမယ့် ပွဲစဉ်အနေ အထားတွေပေါ်မှာလည်း တစ်စိတ်တစ်ပိုင်း မူတည်နေလိမ့်မယ်။ နှစ်ကျော့ပေါင်းရလဒ်နဲ့ ဆီမီးတက်မတက် ဆုံးဖြတ်မှာဆိုတော့ ပွဲနိုင်ငွေရှုံး၊ ငွေနိုင်ပွဲရှုံး အဖြစ်မျိုးတွေလည်း ပေါ်ထွက် လာနိုင်ပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသင်းတွေရဲ့ ချန်ပီယံလိဂ် ပထမအကျော့က အနီးကပ်ဆုံး အခြေအနေကို သေချာ သုံးသပ်ပြီး ဒုတိယ အကျော့ရဲ့ ဖြစ်နိုင်ချေတွကို မှန်းကြည့် ကြတာပေါ့။

ချန်ပီယံလိဂ် အမှတ်တံဆိပ်
လီဗာပူး - အာဆင်နယ်
ပ-ကျော့ရလဒ် အာဆင်နယ် ၁ - ၁ လီဗာပူး
အနီးကပ်ဆုံး ထိပ်တိုက်တွေ့ဆုံမှု
၂၀၀၆-၀၇
အာဆင်နယ် ၃ - ၀ လီဗာပူး
၂၀၀၅-၀၆
အာဆင်နယ် ၂ - ၁ လီဗာပူး
၂၀၀၄-၀၅
အာဆင်နယ် ၃ - ၁ လီဗာပူး
၂၀၀၃-၀၄
အာဆင်နယ် ၄ - ၂ လီဗာပူး
အမ်းမရိတ်ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ရလဒ်ဟာ ဘင်နီတက်ဇ်တို့ လီဗာပူး အသင်း အတွက် အလားအလာ ပိုကောင်းသွားတယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ကိုယ်တိုင် ပွဲအပြီးမှာ ၀န်ခံထားပါ တယ်။ ဒါပေမယ့် ဒီစကားဟာ ဘင်နီတက်ဇ်တို့အဖွဲ့ စိတ်ထဲမှာ စိတ်ကြီးဝင်သွားအောင် တမင် လုပ်လိုက်တာလားလို့လည်း တွေးစရာ ရှိပါတယ်။ ဒီတော့ အကြောင်းသိ ပြည်တွင်း ထိပ်တန်းပြိုင်ဘက်ချင်း ပြန်တွေ့တဲ့ပွဲမှာ ဘင်နီတက်ဇ်တို့ အဖွဲ့ ပေါ့ဆမိရင် ဒုက္ခတွေ့သွား နိုင်ပါတယ်။ ဒါပေမယ့် အဝေးကွင်းမှာ တစ်ဂိုးစီသရေကျအောင် ကစားထားနိုင်တဲ့ အနေအထားနဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် အမ်းမရိတ်ကွင်းမှာ တစ်ဂိုးစီသရေ ကျခဲ့တာ အပါအ၀င် ဘင်နီတက်ဇ်တို့ရဲ့ ချန်ပီယံလိဂ်ခြေစွမ်းနဲ့ အစဉ်အလာကို တော့ ၀င်းဂါးတို့အဖွဲ့ မလေးစားလို့ မရတဲ့အပြင် အန်းလ်ဖီးကွင်း အရှိန်အ၀ါကို လည်း ထည့်မတွက်လို့ မရပါဘူး။
အထူးသဖြင့် လီဗာပူး အသင်းသားတွေဟာ သူတို့ ကွင်းမှာဆိုရင် ကစားအားနဲ့ ခြေစွမ်းပိုင်း ပိုကောင်းတတ်သလို သူတို့အတွက် ဒီရာသီမှာ ချန်ပီယံလိဂ် လည်း ဂုဏ်သိက္ခာ ပြန်ဆယ်နိုင်မယ့် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်နေတော့ အာဆင်နယ် အနေနဲ့ ပထမပွဲထက် အခက်အခဲအများကြီး ရှိလာနိုင်မှာလည်း သေချာတဲ့ အချက်ပဲ။ ဒါပေမယ့် ဂိုးမရှိသရေနဲ့ အရှုံးကလွဲရင် အာဆင်နယ်အတွက် ဆီမီးမျော်လင့်ချက် ထားခွင့် ရှိနေသေးတော့ လီဗာပူးအနေနဲ့ အိမ်ကွင်းမှာ ဂိုးမပေးရရေးကို အဓိကထား ကစားခဲ့ရင် နေရာစုံက ထိုးဖောက်ဂိုးသွင်းနိုင်တဲ့ အာဆင်နယ်တိုက်စစ်ကို ပွဲချိန်ပြည့် ထိန်းနိုင်ဖို့ ခက်ပါ တယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် လီဗာပူး 30% ကြေးရှုံးမယ်
ဝီလျံဟေးလ် - လီဗာပူးကိုပဲ အပေါ်ကြေးခပ်ပါးပါးပေးထား
အင်တာနက်ခန့်မှန်း - 1 – 1
ရန်ကုန်ဂျာနယ်များ - သရေမှန်းတာများ
စာရေးသူအမြင် - လီဗာပူးအစစသာသလိုရှိပေမယ့် အာဆင်နယ်
ကို အရဲစွန့်အားပေးချင်တယ်
ချယ်လ်ဆီး - ဖင်နာဘာချီ
ပ-ကျော့ရလဒ် ဖင်နာဘာချီ ၂ - ၁ ချယ်လ်ဆီး
ပထမအကျော့မှာ အိမ်ရှင်အသင်းရဲ့ OG နဲ့ဦး ဆောင်ဂိုးရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကစား ရှိန်ကို မထိန်းနိုင်ဘဲ ချေပဂိုးနဲ့အရှုံးဂိုးတွေ ပြန်ပေးလိုက်ရတဲ့ ချယ်လ်ဆီးအနေနဲ့ အခုတစ် ပတ် စတမ်းဖို့ဒ်ရစ်မှာ အတိုးချပြီး ခြေစွမ်းပြကစားနိုင်မှသာ အလားအလာ ကောင်းနိုင်ပါတယ်။ တကယ်တော့ ချယ်လ်ဆီးအသင်း ပထမအကျော့ ရှုံးခဲ့ရခြင်းဟာ အဓိကကစားသမား တချို့ရဲ့ စိတ်ဓာတ်နဲ့ခြေစွမ်းပိုင်း အားနည်းခဲ့တကြောင့် ဖြစ်သလို နည်းပြဂရန့်ကလည်း တစ်ဘက် နည်းပြ ဇစ်ကိုထက် နည်းဗျူဟာနဲ့ အတွေ့အကြုံပိုင်း အားနည်းခဲ့တာကြောင့်လည်း ဖြစ်ပါ တယ်။
ဒါပေမယ့် အဝေးကွင်းပထမအကျော့ ၂-၁ ဆိုတဲ့ ရလဒ်ဟာ အိမ်ကွင်းမှာ ပြန်ကစားရမယ့် ချယ်လ်ဆီးအတွက် အခွင့်၏အရေး ရှိနေသေးတယ်လို့ ဆိုရမှာပါ။ ဖင်နာဘာချီမှာ ၀ါရင့်နောက်ခံလူ ကားလို့စ် ပြန်ပါလာနိုင်လို့ နည်းနည်း ပိုတောင့် သွားနိုင်ပေမယ့် ဇစ်ကိုဟာ များသောအားဖြင့် ခံစစ်အသေထိုင် ကစားတတ်တဲ့ နည်းပြမဟုတ်လို့ ချယ်လ် ဆီးအသင်းသား တွေအနေနဲ့ တဘက်အသင်းကို ရှေ့များများ တက်လာအောင် မြူကစားပြီး ပိုင်မှကောင်တာ နဲ့ ဂိုးရအောင် သွင်းနိုင်ရင် ဖင်နာဘာချီ အထိုင် ပျက်သွားနိုင်တယ်။ တစ်ခုရှိတာက ဖင်နာဘာချီဟာ ဆီဗီးလားလိုအသင်းကိုတောင် စပိန်မြေမှာ ဂိုးတွေရအောင် သွင်းနိုင် တဲ့ စွမ်းအားမျိုးရှိနေလို့ တယ်ရီတို့ အုပ်စု အထူးသတိထားဖို့တော့ လိုပါတယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် ချယ်လ်ဆီး 30% ကြေး
ရှုံးမယ်
ဝီလျံဟေးလ် - ချယ်လ်ဆီကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 2 – 1
ရန်ကုန်ဂျာနယ်များ - ချယ်လ်ဆီး ကပ်နိုင်မယ်လို့မှန်း
စာရေးသူအမြင် - ချယ်လ်ဆီးကပ်နိုင်မယ်ထင်
မန်ယူ - ရိုးမား
ပ-ကျော့ရလဒ် ရိုးမား ၀ - ၂ မန်ယူ
ထိပ်တိုက်တွေ့ဆုံမှု
၅-၄-၀၇
ရိုးမား ၂ - ၁ မန်ယူ
၁၁-၄-၀၇
မန်ယူ ၇ - ၁ ရိုးမား
၃-၁၀-၀၇
မန်ယူ ၁ - ၀ ရိုးမား
၁၃-၁၂-၀၇
ရိုးမား ၁ - ၁ မန်ယူ
ရောမမြေမှာကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ဧည့်သည် မန်ယူက ၂ ဂိုးပြတ်နဲ့ နိုင်ထားတော့ ရိုးမားအနေနဲ့ ၃ ဂိုးပြတ် သို့မဟုတ် ၃-၁ နဲ့ နိုင်အောင် ပြန်ကစားနိုင်မှ နောက်တစ်ဆင့် တက်နိုင်မှာပါ။ ဒါကြောင့် ဒီပွဲမှာ ရိုးမား ဂိုးများများ သွင်းနိုင်အောင် တိုက်စစ်ကို ဖွင့်ကစား လိမ့်မယ်။ ပထမအကျော့မှာ ဒဏ်ရာကြောင့် မပါနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်တော့တီလည်း ပြန်ပါလာနိုင်မှာဆိုတော့ မန်ယူခံစစ် သတိထား ရလိမ့်မယ်။
ဒါပေမယ့် ဂိုးရဖို့ ရိုးမားက တိုက်စစ်ကိုမဲပြီး ဖွင့်ကစားရင် မန်ယူအကြိုက် တွေ့သွားနိုင် ပြီး ဂိုးတွေ ပြန်ပေးရနိုင်တာကိုတော့ ထည့်စဉ်းစားရ မယ်။ လက်ရှိခြေစွမ်းပိုင်းအရ ကြည့်ရင်လည်း မန်ယူက ရိုးမားထက် ပိုငြိမ်နေပြီး အထူးသဖြင့် အဆုံးသတ် ဂိုးသွင်းမှုအပိုင်းမှာ သာနေလို့ ဒီပွဲမှာ ရိုးမား အများကြီး အခက်တွေ့နိုင်တယ်။ ဒီနှစ်သင်းတွေ့ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ လည်း အိုးထရက်ဖို့ဒ်မှာ ရိုးမားပွဲတိုင်း ရှုံးခဲ့တဲ့ အစဉ်အလာရှိတဲ့အပြင် မနှစ်က ၇ - ၁ နဲ့ ဂိုး ပြတ်ရှုံးထားတဲ့ အရိပ်မည်းကြီးလည်း ရှိနေလို့ ရိုးမားအနေနဲ့ စိတ်ဓာတ်ပိုင်းကိုပါ တည်တည်ငြိမ်ငြိမ်နဲ့ ကစား နိုင်မှသာ မျော်လင့်ချက် ရှိနိုင်ပါတယ်။
လက်ရှိကစား သမားအင်အားနဲ့ နည်းပြ အရည်အသွေးအရ ယှဉ်ကြည့်ရင်လည်း မန်ယူဟာ ရိုးမားထက် သာနေသလို၊ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် ပွဲဖြစ်နေလို့လည်း ရိုးမားအတွက် အခွင့်အရေး သိပ်မရှိနိုင်ဘူး။ ဒါပေမယ့် တစ်ခု စဉ်းစားရမှာက ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ အလားအလာ ကောင်းနေတဲ့ မန်ယူအနေနဲ့ ရိုးမားကို ပထမအကျော့က ၂ ဂိုးပြတ်နိုင် ထားတဲ့ အနေအထားကြောင့် ဒီပွဲမှာ ၀-၁ သို့မဟုတ် ၁ - ၂ နဲ့ ပြန်ရှုံးခဲ့ရင်တောင် နောက်တစ်ဆင့် တက်နိုင်မှာမို့ ဖာဂူဆန်အနေနဲ့ လူစုံ ထုတ်မထုတ် မသေချာတဲ့ အချက်ပဲ။ ရိုးမားအတွက် လည်း ဒီပွဲက Do or Die ဆိုတော့ မဖြစ်မနေ ဂိုးပြတ်နိုင်အောင် စပယ်လက်တီ တို့အဖွဲ့ ပညာကုန်သုံးပြီး ညှစ်ထုတ်ကစားမယ့် သဘောရှိတော့ မန်ယူအနေနဲ့ ခပ်ပေါ့ပေါ့ ကစား လို့တော့ မရပါဘူး။ နှစ်ကျော့ပေါင်း ရလဒ်နဲ့ မန်ယူတက်နိုင်ပေမယ့် ဒီပွဲရလဒ်က ဖာဂူဆန် ရဲ့လူထုတ်ပုံနဲ့ မန်ယူကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းအပေါ် မူတည်နေပါတယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - မန်ယူတစ်ဂိုးနဲ့နိုင်ရင်တောင် ကြေးမရနိုင်သေး
ဝီလျံဟေးလ် - မန်ယူကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 2 – 1
ရန်ကုန်ဂျာနယ်များ - ရိုးမားကို ပိုကြိုက်ကြ
စာရေးသူအမြင် - မန်ယူကပ်နိုင်လောက်ပဲ ကစားမယ်ထင်၏
ဘာစီလိုနာ - ရှော့ကဲ
ပ-ကျော့ရလဒ် ရှော့ကဲ ၀ - ၁ ဘာစီလိုနာ
ပထမအကျော့ ဂျာမန်မြေမှာ ဧည့်သည်ဘာကာ နိုင်ထားလို့ နောက်တစ်ဆင့်တက်ဖို့ အလား အလာပို ကောင်းနေပေမယ့် ရှော့ကဲရဲ့ခြေကလည်း သိပ်အညံ့ကြီး မဟုတ်ပါဘူး။ အထူးသဖြင့် ရှော့ကဲဟာ ဘာကာရဲ့ အားနည်းတဲ့ တောင်ပံခံစစ်တွေကနေ နည်းဗျူ ဟာကျကျ ထိုးဖောက် ကစားနိုင်စွမ်းရှိလို့ နျူးကမ့်မှာ ဖြစ်ပေမယ့် ဘာကာပေါ့လို့တော့ မရဘူး။ ဒါပေမယ့် တိုက်စစ် ကစားသမား စွမ်းရည်ချင်း ယှဉ်ကြည့်ရင်တော့ ဘာစီလိုနာက သာနေပြီး နည်းပြရီကတ်ရဲ့ လူထုတ်ပုံနဲ့ နည်းဗျူဟာ အပြောင်းအလဲလုပ်ဖို့ မှန်ကန်ခဲ့ရင် ရှော့ကဲကို အိမ်ကွင်းမှာ ရှုံးဖို့မရှိပါဘူး။ ဒါပေမယ့် ပထမအကျော့မှာ တစ်ဂိုးနဲ့ ကပ်ရှုံးထားတဲ့ ရှော့ကဲအနေနဲ့ ဒီပွဲမှာ ဖောင်ဖျက်ပြီး တိုက်စစ် ဖွင့်ကစားရင် အထနှေးတတ်တဲ့ ဘာကာလည်း အခက် တွေ့သွားနိုင်တယ်။ ဒါပေမယ့် ဒီတစ်ပတ် လာလီဂါပွဲ ရလဒ်ကြောင့် ဒီပွဲကို ဘာကာ သေချာ အားထည့် ကစားမှာပါ။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် ဘာစီလိုနာ
ကြေးမရနိုင်သေး
ဝီလျံဟေးလ် - ဘာစီလိုနာကို အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 2 – 1
ရန်ကုန်ဂျာနယ်များ - ဘာစီလိုနာကို ပိုကြိုက်တာများ
စာရေးသူအမြင် - ဘာစီလိုနာ အနိုင်ရသွားမှာပါ
|