DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ပရီးမီးယားရှစ်နဲ့ ချန်ပီယံလိဂ် နှစ်ခုစလုံးမှာ ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်ကို အာစင်ဝင်းဂါး ဆက်လက် ဆုပ်ကိုင်ထား
အေဂျင်စီသတင်းများ - ဧပြီ ၈၊ ၂၀၀၈

အာစင်ဝင်းဂါးကတော့ အာစင်နယ်အနေနဲ့ ဒီရာသီအတွင်းမှာ ပရီးမီးယားရှစ်နဲ့ ချန်ပီယံလိဂ် နှစ်ခုစလုံးမှာ ချန်ပီယံဖြစ်နိုင်တယ်လို့ အခိုင်အမာ ယုံကြည်နေပါတယ်။

ဝင်းဂါးရဲ့ အသင်းဟာ ပရီးမီးယားရှစ်မှာ ထိပ်ဆုံးက မန်ယူရဲ့နောက်မှာ (၆)မှတ်အကွာနဲ့ လိုက် နေပြီး လက်ကျန်ပွဲ ကစားဖို့ (၅)ပွဲ ကျန်ပါတော့တယ်။

အာစင်နယ်ဟာ နောက်ဆုံး ကစားထားတဲ့ (၁၁)ပွဲမှာ (၂)ပွဲပဲ အနိုင်ရ ထားပါတယ်။

“ပရီးမီးယားလိဂ်မှာ အခုအချိန်အထိ ချန်ပီယံဖြစ်နိုင်သေးတယ်လို့ ကျနော် ယုံကြည်ပါတယ်။ မန်ယူရဲ့ ရလဒ်က ကျနော်တို့ကို အများကြီး ကူညီပါတယ်။ တကယ်လို့ ဘိုရိုကို သူတို့ အနိုင်ရ သွားရင် ကျနော်တို့ လိုက်မမှီနိုင်တော့ပါဘူး။ လာမယ့် တနင်္ဂနွေနေ့ကျရင် မန်ယူကို အနိုင် ကစားသွားမှာပါ” လို့ ၀င်းဂါးက ပြောပါတယ်။

“ချန်ပီယံလိဂ်မှာလည်း ဗိုလ်စွဲနိုင်သေးတယ်လို့ ယုံကြည်ပါတယ်။ မီလန်နဲ့ ကစားတုန်းက စိတ် ဓါတ်မျိုးကို ထပ်ပြီး ပြသနိုင်ဖို့ လိုပါတယ်”

ပြင်သစ်သားနည်းပြက “ကျနော်တို့အသင်း ကမ္ဘာပေါ်မှာ ဘယ်နေရာမှပဲ ကစားကစား အနိုင်ရ မယ်လို့ ယုံကြည် ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်အထိ ကစားသွားမှာ မဟုတ်ပါဘူး။ ပွဲထဲမှာပဲ အနိုင် ကစား သွားမှာပါ။ လီဗာပူးကို ကျနော်တို့ စောစော ဂိုးသွင်းနိုင်ဖို့ လိုပါတယ်” လို့ ထပ်ပြောပါတယ်။

လီဗာပူးနဲ့ ပရီးမီးယားရှစ်မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျတဲ့ ပွဲတုန်းက ဒဏ်ရာရနေတဲ့ တိုက် စစ်မှူး ဗန်ပါစီလည်း အာစင်နယ်ရဲ့ လူစာရင်းမှာ ပြန်လည် ပါဝင်လာပြီ ဖြစ်ပါတယ်။

အာစင်ဝင်းဂါးက ဒီရာသီအတွင်းမှာ (၄၁)ပွဲအထိ မနားတမ်း ကစားထားရတဲ့ ကွင်းလယ်လူ ဖာဘရီဂတ်စ် ပွဲပန်းပြီး ကောင်းကောင်းမကစားနိုင်မှာလည်းကို စိုးရိမ်နေပါတယ်။

၎င်းက ဆက်လက်ပြီး “ဖာဘရီဂတ်စ်မှာ လုံလောက် သက်လုံအား ရှိနေသေးတယ်လို့ ကျနော် ထင်ပါတယ်” လို့ ပြောပါတယ်။


အာစင်ဝင်းဂါး