အာစင်နယ်အနေနဲ့ ဒီနှစ်ရာသီမှာ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ဖို့ လုံလောက်တဲ့ အစွမ်းအစတွေရှိတယ်လို့ နည်းပြ အာစင်ဝင်းဂါးကက အခိုင်အမာ ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က အီးမာရိတ်မှာ လီဗာပူးနဲ့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျတဲ့ပွဲအပြီးမှာ ပရီးမီး ယားရှစ် ချန်ပီယံဆုနဲ့ တဖြည်းဖြည်း ဝေးလာပြီလို့ ၀င်းဂါးက ၀န်ခံစကား ပြောလာပါတယ်။
အာစင်ဝင်းဂါးက “ကျနော်တို့ရဲ့ အခြေအနေကို ကောက်ချက်ဆွဲဖို့အတွက် စောလွန်း ပါသေး တယ်။ ဒါပေမယ့် ကျနော်တို့မှာ ချန်ပီယံ ဖြစ်နိုင်တဲ့ ခြေစွမ်းမျိုး ရှိပါတယ်” လို့ ပြောပါတယ်။
“မနှစ်က ရာသီနဲ့ယှဉ်ရင် ကျနော်တို့ ခြေစွမ်းက ပိုပြီး တက်လာပါတယ်။ ပရီးမီးယားရှစ် ချန်ပီ ယံဆုကို ရာသီအစကနေ အခုထိ စိန်ခေါ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ချန်ပီယံလိဂ်မှာ လည်း နောက်ဆုံး (၈)သင်း စာရင်း ၀င်နိုင်ခဲ့ပါတယ်”
အာစင်နယ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွေ့ဈေးကွက်မှာ ကစားသမားသစ် ၀ယ်ယူဖို့အတွက် ငွေ သုံးစွဲနိုင်ခြင်း မရှိပါဘူး။
တခြားပြိုင်ဖက်တွေဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ လီဗာပူးက ပေါင် (၁၅၄)သန်း၊ မန်ယူက (၁၂၄)သန်းနဲ့ ချဲလ်ဆီးက ပေါင်သန်း (၂၅၀) စုစုပေါင်း အကုန်ကျခံ သုံးစွဲခဲ့ပါတယ်။
|