အီတလီက လာတဲ့သတင်းတွေအရ အေစီမီလန်က ဘာစီလိုနာတိုက်စစ်မှူး ရော်နယ်ဒင်ဟိုကို ခေါ်ယူတော့မယ်လို့ ဆိုပါတယ်။
အသက် (၂၈)နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီနှစ်ရာသီအတွင်း နူကန့်မှာ ရုန်ကန်နေရပြီး မကြာ သေးမီက ရထားတဲ့ ကြွက်သားစုတ်ပြဲတဲ့ ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့ မယ်လို့ သတင်းတွေ ထွက်နေပါတယ်။
မီလန်ဥက္ကဌ ဘာလူစကိုနီကတော့ ရော်နယ်ဒင်ဟိုကို ခေါ်ယူချင်သလားလို့ မေးရင် “ ခေါ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီလိုပဲ ထင်ပါတယ်။ သူ့ကို ခေါ်နိုင်ဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ ” လို့ ပြောပါတယ်။
လောလောဆယ် အနေအထားအရ မီလန်အသင်းဟာ စီးရီးအေရဲ့ အဆင့် (၅)နေရာမှာ ရပ် တည်နေလို့ လာမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ခွင့်ရဖို့အတွက် ရုန်းကန်နေရတဲ့ အနေအထားမှာ ရှိနေပါတယ်။
အင်္ဂလိပ်အသင်းတွေကလည်း ရော်နယ်ဒင်ဟိုကို ဆက်သွယ်လာတာတွေ ရှိနေသလို အင်တာ မီလန်နည်းပြ မန်စီနီကလည်း စိတ်ဝင်စားကြောင်း ထုတ်ဖော်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားဟောင်း ရော်နယ်ဒင်ဟိုဟာ ဒီရာသီအတွင်းမှာ ဒဏ်ရာပြ ဿနာတွေနဲ့ ရုန်းကန်နေရလို့ ဘာကာကစားပြီးတဲ့ ပွဲ (၃၀)မှာ (၁၃)ပွဲပဲ ပါဝင်ခွင့် ရထား ပါတယ်။ |

မီလန်ရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ရော်နယ်ဒင်ဟို
|