လီဗာပူးနည်းပြ ရာဖယ် ဘင်နီတတ်ဇ်က အာစင်နယ်နဲ့ ရင်ဆိုင်မယ့် မနက်ဖြန် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ဂိုးမရှိ သရေကျဖို့လောက်ပဲ ကြိုးစားသွားလိမ့်မယ်ဆိုတဲ့ မှန်းဆချက်တွေကို ပယ်ချ လိုက်ပါတယ်။
အီးမာရိတ်မှာ ကစားတဲ့ ပထမအကျော့မှာတုန်းက လီဗာပူးက ကောက်တ်ရဲ့ သွင်းဂိုးနဲ့ အာစင် နယ်နဲ့ တစ်ဂိုးစီ သရေကျထားလို့ မနက်ဖြန်ပွဲမှာ ဂိုးမရှိ သရေကျရင် အဝေးဂိုး အားသာချက်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
“ကျနော်တို့မှာ ယုံကြည်ချက် ရှိပါတယ်။ ဒါပေမယ့် သူတို့ ခြေစွမ်းကိုလည်း ကျနော်တို့ သိပါ တယ်။ သူတို့က အဝေးကွင်းမှာလည်း ကောင်းကောင်း ကစားနိုင်ပြီး တန်ပြန်တိုက်စစ် တွေကနေ အန္တရာယ် ပေးနိုင်ပါတယ်” လို့ ဘင်နီတတ်ဇ်က ပြောပါတယ်။
“ဂိုးမရှိ သရေ ကစားဖို့ တော်တော်ခက်ပါတယ်။ ဒီလိုမျိုးဖြစ်အောင် ဘယ်လို ကစားရမလဲ ဆိုတာကို ကျနော် မသိပါဘူး”
အာစင်နယ်နဲ့ လီဗာပူးတို့ဟာ တစ်ပတ်အတွင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ (၂)ကြိမ် ဆုံထားပြီး နှစ်ကြိမ်စလုံး တစ်ဂိုးစီနဲ့ သရေ ကျထားပါတယ်။
နှစ်သင်းစလုံးအတွက် ပရီးမီးယားရှစ်မှာ ချန်ပီယံဖြစ်နိုင်ချေ မရှိသလောက် နည်းသွားတာ ကြောင့် ချန်ပီယံလိဂ်ပွဲကို ပိုပြီး အာရုံထား နေပါတယ်။
|