DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
အယ်လ်အေ ဂလက်စီရဲ့ ပထမဆုံးနိုင်ပွဲမှာ ဘက်ဟမ်း ကိုယ်တိုင် တစ်ဂိုးသွင်းယူ
အေအက်ဖ်ပီ - ဧပြီ ၄၊ ၂၀၀၈

အယ်လ်အေ ဂလက်စီက San Jose Earthquakes အသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ မနေ့က အနိုင်ရတဲ့ပွဲမှာ ဘက်ဟမ်းကိုယ်တိုင် တစ်ဂိုး သွင်းယူ ခဲ့ပါတယ်။

အင်္ဂလန်ကွင်းလယ်လူဟာ ဂလက်စီအသင်းအတွက် မိနစ် (၉၀)လုံး အချိန်ပြည့် ပါဝင် ကစားသွားပြီး သူ့အသင်းကို မေဂျာလိဂ်မှာ ပထမဆုံး နိုင်ပွဲရအောင် ကူညီနိုင် ခဲ့ပါတယ်။

အဲဒီဂိုးကို ဘက်ဟမ်းဟာ အသင်းဖော် ဒိုနိုဗန်ရဲ့ ပေးပို့မှုကနေ ပွဲအစ (၁၈)မိနစ်မှာ ဂလက်စီ အတွက် အဖွင့်ဂိုး သွင်းယူပေး ခဲ့ပါတယ်။

“ဂိုးသွင်းနိုင်ရင် ကျနော် အမြဲတမ်း ပျော်ပါတယ်။ ပုံမှန်ဆိုရင် ကျနော်က သူများတွေ ဂိုးသွင်း နိုင်အောင် ကူညီပေးတဲ့ သူပါ။ ဒီညတော့ ကျနော်ပါ ဂိုးသွင်းနိုင် ခဲ့ပါတယ်။ အဲဒီအတွက် ပျော်ပါတယ်။ ဒီထက် ပိုပျော်တာက ကျနော့်အသင်းရဲ့ ကစားပုံ ကောင်းလို့ပါ” လို့ ဘက်ဟမ်းက ပြောပါတယ်။

ဂလက်စီအသင်းဟာ ပြီးခဲ့တဲ့အပတ် မေဂျာလိဂ်အဖွင့်ပွဲမှာ ကော်လိုရာဒို ရက်ပစ်စ်အသင်းကို အဝေးကွင်းမှာ (၄)ဂိုး ဂိုးမရှိနဲ့ အရေးနိမ့် ထားပါတယ်။

ဘက်ဟမ်းဟာ ပြီးခဲ့တဲ့အပတ်က ပြင်သစ်နဲ့ ပဲရစ်မှာ ကစားသွားတဲ့ ခြေစမ်းပွဲမှာ အင်္ဂလန် အသင်းဖက်ကနေ ပါဝင်ကစားခွင့်ရလို့ လက်ရွေးစင်ပွဲ (၁၀၀)ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။


ဂလက်စီစတား ဘက်ဟမ်း