DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ရော်နယ်ဒင်ဟိုအကြောင်း အမျိုးမျိုး ခန့်မှန်းနေတာတွေကို ရပ်ဖို့ မီဒီယာတွေကို အီတိုး တိုက်တွန်း
အေအက်ဖ်ပီ - ဧပြီ ၃၊ ၂၀၀၈

အာဖရိကရဲ့ အကောင်းဆုံး ကစားသမားဆု (၃)ကြိမ် ရထားတဲ့ တိုက်စစ်မှူး အီတိုးက မီဒီယာတွေအနေနဲ့ ရော်နယ်ဒင်ဟိုရဲ့ ကြွက်သားဒဏ်ရာနဲ့ ပက်သက်လို့ အမျိုးမျို့း  ခန့်မှန်း ပြောဆိုနေတာ တွေကို ရပ်တန်းကနေ ရပ်ကြဖို့ မနေ့က တိုက်တွန်း လိုက်ပါတယ်။

“ရော်နယ်ဒင်ဟိုကို ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့ ခွင့်ပြု သင့်ပါတယ်။ လူတိုင်းက သူ့အ ကြောင်းတွေကို ရေးကြ၊ ပြောနေကြတာတွေက မနည်းပါဘူး။ ဒါတွေကို ရပ်သင့်ပါပြီ။ သူ့အနေနဲ့ အဆင်သင့်ဖြစ်ရင် သူဖာသာသူ ထုတ်ပြောပါလိမ့်မယ်” လို့ ကင်မရွန်းစတားက ပြောပါတယ်။

“တကယ်လို့ သူက ဒဏ်ရာက နာတယ်ပြောရင် နာတယ်ပေါ့ဗျာ၊ နေ့တိုင်း ဒဏ်ရာကနေ ပြန်ကောင်းလာအောင် သူ ကြိုးစား နေပါတယ်။ ဒီထက်ပိုပြီး သူ့ကို ကျနော်တို့ မမေး သင့်ပါဘူး”

ဘာစီလိုနာနည်းပြ ရစ်ကတ်ကတော့ အသင်းရဲ့ ပွဲတွေမှာ အသက် (၂၈)နှစ်အရွယ် ရော်နယ်ဒင်ဟို မကစားနိုင်တာဟာ ဒဏ်ရာကြောင့်သာ ဖြစ်တယ်လို့ ပြောပါတယ်။


လေ့ကျင့်ရေးကွင်းမှာ အီတိုးနဲ့ ရော်နယ်ဒင်ဟိုတို့ကို တွေ့ရစဉ်