DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ရိုးမားကွင်းလယ်လူ ရော့စီနဲ့ အယ်ကွီလာနီကို ရီရဲလ်မက်ဒရစ် ခေါ်ယူဖို့ စိတ်ဝင်စား
အေအက်ဖ်ပီ - ဧပြီ ၃၊ ၂၀၀၈

လာလီဂါ ချန်ပီယံ ရီရဲလ်မက်ဒရစ်က ရိုးမားကွင်းလယ်လူတွေဖြစ်တဲ့ ဒယ်နီလီဒီ ရော့စီနဲ့ အယ်ဘာတို အယ်ကွီလာနီတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ စပိန်ထုတ် daily Marca စာစောင်က ရေးပါတယ်။

ရီရဲလ်ရဲ့ အားကစားဒါရိုက်တာ မီဂျတိုဗစ်ဟာ အင်္ဂါနေ့တုန်းက ရောမမြို့ကို ရောက်ရှိနေ တုန်း ရိုးမားကစားသမားနှစ်ယောက်ကို ခေါ်ယူချင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့တယ်လို့
အဆိုပါ စာစောင်က ကိုးကားထား ပါတယ်။

ရိုးမားအနေနဲ့ အသက် (၂၄)နှစ်အရွယ် ကွင်းလယ်လူ ရော့စီကို အနည်းဆုံး ယူရိုသန်း (၃၀) (ဒေါ်လာ ၄၇ သန်း) လောက်ရမှ ရောင်းနိုင်လိမ့်မယ်လို့ မီဒီယာတွေက ခန့်မှန်း ပါတယ်။

ရောမကလပ်ရဲ့ ငယ်မွေးခြံပေါက်ဖြစ်တဲ့ ရော့စီကတော့ ရိုးမားမှာပဲ တသက်လုံး ကစား သွားချင်ကြောင်း ဖွင့်ဟာ ခံထားပါတယ်။

ရိုးမားဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ရီရဲလ်ကို (၂)ပွဲစလုံး အနိုင်ရခဲ့ပေမယ့် ကွာတား အဆင့် ပထမအကျော့မှာတော့ မန်ယူကို (၂)ဂိုး ဂိုးမရှိနဲ့ ရှုံးထားပါတယ်။


ဂိုးသွင်းအပြီး ပျော်မြူးနေတဲ့ ရော့စီ (၀ဲ)နဲ့ အယ်ကွီလာနီတို့ကို တွေ့ရစဉ်