DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
အကောင်းဆုံး ကစားသမားဆုရ ကာကာထက် စီရော်နယ်ဒိုက ပိုကောင်းကြောင်း ရီရဲလ် နည်းပြ မှတ်ချက်ချ
ဘီဘီစီ - ဧပြီ ၃၊ ၂၀၀၈

မန်ယူစတား စီရော်နယ်ဒိုက အေစီမီလန်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ကာကာထက် ပိုကောင်းတယ်လို့ ရီရဲလ်မက်ဒရစ်နည်းပြ ဘန်ရှုးစတားက ပြောပါတယ်။

အသက် (၂၃)နှစ်အရွယ် ရော်နယ်ဒိုဟာ ရိုးမားကို အနိုင်ရတဲ့ပွဲ ဂိုးထပ်သွင်းနိုင်လို့ ဒီရာသီ အတွင်းမှာ သွင်းဂိုး (၃၆)ဂိုး အထိ ဖြစ်သွားပေမယ့် ကာကာကတော့ စီးရီးအေမှာ ရုန်းကန် နေရပါတယ်။

“ကာကာရဲ့ လက်ရှိခြေစွမ်းကို ရော်နယ်ဒိုက ကျော်တက်သွားပါပြီ။ အခုဆိုရင် ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံး အကောင်းဆုံး ကစားသမား ဖြစ်သွားပါပြီ” လို့ ဂျာမန်သားနည်းပြက ချီးကျုးပါတယ်။

ဘရာဇီးသား ကာကာဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက ပေးအပ်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုပေးပွဲမှာ ရော်နယ်ဒို (တတိယ)နဲ့ ဘာစီလိုနာက မက်ဆီ (ဒုတိယ)တို့ကို ဖြတ်ကျော်ပြီးမှ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

တောင်ပံသမား ရော်နယ်ဒိုအနေနဲ့ ဒီရာသီအတွင်းမှာ အကောင်းဆုံး ခြေစွမ်းပြ နေမှုတွေ ကြောင့် လေ့လောသူတွေရဲ့ စာရင်းမှာ ထိပ်ဆုံးနေရာကို ယူလာပါတယ်။

ရီရဲလ်နည်းပြ ဘန်ရှုးစတားက သူ့အနေနဲ့ မန်ယူက ရော်နယ်ဒိုကို ထုတ်မရောင်းပေမယ့် အနာဂတ်မှာတော့ ခေါ်ယူဖြစ်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ ဗိုလ်မစွဲခင်အထိ သူတို့အတွက် ရော်နယ်ဒိုက အိုးထ ရက်ဖို့ဒ်ရဲ့ ကြယ်ပွင့်ပါပဲ။ အဲဒီနှစ်ခုလုံး သူတို့ရသွားရင်တော့ သူ့ကို ထုတ်ရောင်းမှာ မဟုတ်တော့ပါဘူး”

၎င်းက ဆက်လက်ပြီး “လောလောဆယ်မှာတော့ သူ့ကို ခေါ်ယူဖို့ မဖြစ်နိုင်ပါဘူး။ နောက် (၂)နှစ်လောက် ရှိရင်တော့ သူ့ကို ဘာနေဗျုးမှာ အဖြုရောင်တီရှပ်နဲ့ တွေ့ရတော့မှာပါ ” လို့ ပြောပါတယ်။


ရော်နယ်ဒို