DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
အရှုံးအတွက် ချဲလ်ဆီးနည်းပြ အကောင်းမြင်၊ သရေရလဒ်အတွက် လီဗာပူးနည်းပြ ကျေနပ်
အေဂျင်စီသတင်းများ - ဧပြီ ၃၊ ၂၀၀၈

မနေ့ညက အစ္စတန်ဘူမှာ ကစားတဲ့ ကွာတားဖိုင်နယ် ပထမအကျော့မှာ ဖာနာဘာချီကို ရှုံးသွားပေမယ့် သူ့အသင်းအနေနဲ့ နောက်တဆင့်ကို တက်နိုင်လိမ့်မယ်လို့ ချဲလ်ဆီးနည်းပြ အေဘရန် ဂရန့်က ယုံကြည် နေပါတယ်။

“ပထမပိုင်းမှာ ကစားကွက်အသာနဲ့ ကစားနိုင်ပြီးမှ တူရကီမြေမှာ အရေးနိမ့်သွားတဲ့ အပေါ် မှာ အေဘရန် ဂရန့်က ကျနော့်စိတ်ထဲမှာ သိပ်တော့ မစိုးရိမ်ပါဘူး။ တကယ်လို့ ကျနော်တို့ အရင်တုန်းက ကစားတဲ့ ပွဲတွေလိုပဲ ကစားနိုင်ရင် နောက်ပွဲမှာ အနိုင်ရမှာပါ” လို့ ပြောပါ တယ်။

“ပုံမှန်အနေအထားအရ အဝေးကွင်းမှာ (၂ - ၁)နဲ့ ရှုံးတာ သိပ်ဆိုးတော့ အခြေအနေတော့ မဟုတ်ပါဘူး။ ကျနော်တို့ အကောင်းဆုံး ကစားနိုင် ခဲ့ပါတယ်။ ရလဒ်ကတော့ စိတ်ပျက် စရာပါပဲ”

“နောက်တစ်ပွဲက ကျနော်တို့ အိမ်ကွင်းမှာ ကစားရမှာပါ။ အခု ကျနော်တို့ အဲဒီအခွင့် အရေးကို အသုံးချဖို့ လိုပါတယ်”

ဖာနာဘာချီကို ရှုံးတဲ့အရှုံးဟာ ချဲလ်ဆီးအတွက်တော့ ဒီနှစ်ရာသီအတွင်း ဥရောပ အဆင့် ပြိုင်ပွဲတွေမှာ ပထမဆုံး ရှုံးပွဲတွေ့ခြင်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပထမပိုင်းမှာ အခွင့်အရေး တော်တော်များများ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုး အဖြစ်တော့ မပြောင်းလဲ နိုင်ခဲ့ပါဘူး။

စတန်းဖို့ဘရစ်ခ်ျအတွက် အဖွင့်ဂိုးကို ပွဲအစ (၁၃)မိနစ်မှာ တဖက်ကစားသမားရဲ့ ကိုယ့်ဂိုး ကိုယ် သွင်းရာကနေ ရရှိပြီး ဦးဆောင် နိုင်ခဲ့ပါတယ်။

ဖာနာဘာချီရဲ့ အနိုင်ဂိုးတွေကို (၆၄)မိနစ်မှာ ရစ်ချပ်စ်၊ (၈၁)မိနစ်မှာ ဒိုင်ဗစ်တို့က သွင်းယူခဲ့ ပါတယ်။

“ကျနော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့လို့ အနည်းဆုံး (၃)ဂိုး ဒါမှမဟုတ် (၄)ဂိုးလောက်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရသင့်ပါတယ်။ အားလပ်ချိန်ပေးတဲ့ အချိန်မှာ ဂိုးတွေပို သွင်းနိုင် အောင် ကစားသမားတွေကို သေချာ ပြောခဲ့ပါတယ်”

အစ္စရေးသားနည်းပြက “သူတို့ ကျနော် ပြောတဲ့အတိုင်း မလုပ်နိုင်ပါဘူး။ ဘောလုံးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ အခု ရလဒ်က သိပ်အဆိုးကြီးတော့ မဟုတ်ပါဘူး။ အိမ်ကွင်းမှာ ကျနော်တို့အတွက် အခွင့် အရေးတွေ ရှိနေပါတယ်” လို့ ထပ်ပြောပါတယ်။

လီဗာပူးနည်းပြ ဘင်နီတတ်ဇ်ကတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျတဲ့ ရလဒ်အပေါ်မှာ ကျေနပ် နေပါတယ်။

“အဝေးကွင်းဂိုးက ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ခင်မျာတို့ သိမှာပါ။ ဒီဂိုးက ဥရောပ ပွဲတွေမှာ အဆုံးအဖြတ် ပေးနိုင်ပါတယ်။ အန်းဖီးလ်က ကျနော်တို့ ပရိတ် သတ်တွေရဲ့ ရှေ့ရောက်ရင် အကောင်းဆုံး အနေအထားကို ရောက်သွားမှာပါ”

ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကို လာမယ့် (၈)ရက်နဲ့ (၉)ရက်နေ့တွေမှာ ထပ်မံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို လာမယ့် (၂၃)ရက်နေ့မှာ ကစားကြမှာ ဖြစ်ပြီး အာစင်နယ် - လီဗာပူး (သို့) ချဲလ်ဆီး - ဖာနာဘာချီနဲ့ မန်ယူ - ရိုးမား (သို့) ရှောကဲ - ဘာစီလိုနာ စတဲ့အသင်းတွေထဲက နိုင်တဲ့အသင်းတွေ ဆုံကြမှာ ဖြစ်ပါတယ်။


အရှုံးအတွက် စိတ်ပျက်နေတဲ့ ချဲလ်ဆီး ကစားသမားများ