DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
အခွင့်အရေးရရင် ရှက်ဖ်ချင်ကိုကို ပြန်ခေါ်ချင်ကြောင်း မီလန်ဥက္ကဌ ထုတ်ဖော်ပြန်
ဘီဘီစီ - ဧပြီ ၂၊ ၂၀၀၈

အခွင့်အရေးရရင် ချဲလ်ဆီးတိုက်စစ်မှူး အင်ဒီ ရှက်ဖ်ချင်ကိုကို အီတလီကို ပြန်ခေါ်ချင်ကြောင်း အေစီမီလန် ဥက္ကဌ ဘာလူစကိုနီက ပြောဆိုလိုက် ပြန်ပါတယ်။

အသက် (၃၁)နှစ်အရွယ် ရှက်ဖ်ချင်ကိုဟာ ပေါင်သန်း (၃၀)နဲ့ ၂၀၀၆မှာ ချဲလ်ဆီးကို မပြောင်း ခင် မီလန်အတွက် ကစားပေးခဲ့တဲ့ ၁၉၉၉ကနေ ၂၀၀၆အတွင်း (၁၇၃)ဂိုး သွင်းပေး ထားပါ တယ်။

ယူကရိန်းတိုက်စစ်မှူးဟာ ချဲလ်ဆီးရောက်ပြီးနောက် ခြေစွမ်းမပြနိုင်လို့ ပုံမှန်ကစားခွင့် ဆုံးရှုံး နေပြီး ပြိုင်ပွဲအားလုံးကနေ ဂိုးပေါင်း (၂၁)ဂိုးပဲ သွင်းနိုင်ပါတယ်။

“ရှက်ဖ်ချင်ကို ကျနော်တို့ဆီ ပြန်လာရင် သိပ်ကောင်းမှာပါ။ ပရိတ်သတ်တွေကလည်း သူက ကျနော်တို့အတွက် မှန်ကန်တဲ့ ရွေးချယ်မှု ဆိုတာကို သိပါတယ်” လို့ မီလန်ဥက္ကဌက ပြောပါ တယ်။

“သူ့အကြောင်းကို ကျနော် မကြခဏ ပုံမှန် ပြောဖြစ်တယ်လို့ ကျနော် ထင်ပါတယ်”

ရှက်ဖ်ချင်ကိုဟာ ချဲလ်ဆီးကိုရောက်တဲ့ ပထမရာသီမှာပဲ အူကျတဲ့ရောဂါကို ခွဲစိတ်ကုသမှု ခံယူခဲ့ရလို့ လီဗာပူးနဲ့ ကစားတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲတွေကို လွဲချော် ခဲ့ပါတယ်။


ချဲလ်ဆီးမှာ နေရာပျောက်နေတဲ့ ရှက်ဖ်ချင်ကို