DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
နောက်ခံလူ ဗစ်ဒစ်ရဲ့ ဓါတ်မှန်အဖြေကို ရင်တမမနဲ့ မန်ယူ စောင့်ဆိုင်းနေ
ဘီဘီစီ - ဧပြီ ၂၊ ၂၀၀၈

မန်ယူနောက်ခံလူ ဗစ်ဒစ်ဟာ ရိုးမားကို (၂)ပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ရသွားတဲ့ ဒူးဒဏ်ရာရဲ့ အခြေအနေကို သိရှိနိုင်ဖို့ ဓါတ်မှန်ရိုက် စစ်ဆေးမှု ခံယူရမှာဖြစ်ပါတယ်။

ဗဟိုခံစစ်မှူး ဗဒ်ဒစ်ဟာ ပထမပိုင်းမှာတင် ဘောလုံးခုန်ဖျက်ရာကနေ ပြန်အကျမှာ ဒူးဒဏ် ရာရသွားလို့ ဂျွန်အိုရှေးလ်နဲ့ လူစားလဲခြင်း ခံရပါတယ်။

မန်ယူနည်းပြ ဖာဂူဆန်က “ဒဏ်ရာ အခြေအနေ သိပ်မဆိုးပါစေနဲ့လို ကျနော် ဆုတောင်း ပါတယ်။ အကြောင်းကတော့ သူက အသင်းအတွက် မရှိမဖြစ် အရေးကြီးတဲ့ ကစားသမားပါ” လို့ ပြောပါတယ်။

“ဒီဒဏ်ရာက အကြောနဲ့ဆိုင်တဲ့ ဒဏ်ရာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျနော်တို့ သေသေချာချာ မပြောနိုင် သေးပါဘူး”

ဆားဘီးယားနောက်ခံလူ ဗစ်ဒစ်ဟာ ခံစစ်ပိုင်းမှာ အသင်းရဲ့ အသက်သွေးကြောလို ဖြစ်နေတဲ့ ဖာဒီနန်နဲ့ အတွဲမိနေတဲ့အတွက် ဒဏ်ရာ အခြေအနေဆိုးရင် မန်ယူရဲ့ ပရီးမီးယားရှစ်နဲ့ ချန်ပီ ယံလိဂ်မှာ (၂)ထပ်ကွပ်း ချန်ပီယံ ဖြစ်ရေးကို အကြီးအကျယ် ထိခိုက်နိုင်ဖွယ် ရှိပါတယ်။

သူ့နေရာမှာ အိုရှေးက ဖာဒီနန်နဲ့တွဲပြီး မန်ယူခံစစ်ကို လက်ကျန်မိနစ်တွေမှာ တာဝန်ယူ သွားပါတယ်။

မန်ယူရဲ့ နောက်ခံလူ တစ်ယောက်ဖြစ်တဲ့ ဆီဗက်စတာလည်း စက်တင်ဘာကတည်းက ခံစားနေရတဲ့ ဒူးဒဏ်ရာကနေ သက်သာလာပြီး ပြန်ကစားနိုင်နေပြီ ဖြစ်ပါတယ်။


ဒူးဒဏ်ရာကြောင့် နာကျင်နေတဲ့ ဗစ်ဒစ်