DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
အာစင်နယ်ကို ဖာနန်ဒို တော်ရက်စ်နဲ့ ဒုက္ခပေးဖို့ လီဗာပူးနည်းပြ ဘင်နီတတ်ဇ် မျှော်လင့်ထား
အေဂျင်စီသတင်းများ - ဧပြီ ၂၊ ၂၀၀၈

ဒီည အာစင်နယ်နဲ့ အီးမာရိတ်မှာ ရင်ဆိုင်ရမယ့် ပွဲအတွက် သူ့အသင်းအနေနဲ့ စိုးရိမ်ထိတ်လန့် နေတယ်ဆိုတာ မဟုတ်ကြောင်းနဲ့ ဒီပွဲမှာ ဖာနန်ဒို တော်ရက်စ်က အဓိက ကစားသမား ဖြစ် လာလိမ့်မယ်လို့ လီဗာပူးနည်းပြ ရာဖယ် ဘင်နီတတ်ဇ်က ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပေမယ့် ချန်ပီယံလိဂ် အတွေ့အကြုံများတဲ့အတွက် လီဗာပူး အနေနဲ့ အင်္ဂလိပ်ပြိုင်ဖက် အာစင်နယ်ကို ကောင်းကောင်း ရင်ဆိုင်နိုင်လိမ့်မယ်လို့ အန်းဖီးလ် နည်းပြက မျှော်လင့်ထားပါတယ်။

“အာစင်နယ်ကို ကျနော်တို့ ကြောက်နေသလားလို့ မေးရင်၊ နိုးလို့ပဲ ခပ်လွယ်လွယ် ဖြေရမှာပါ။ ဥရောပအဆင့်မှာ ကစားတဲ့ ပွဲတိုင်းမှာ ကျနော်တို့ ယုံကြည်ချက် အပြည့်ရှိပါတယ်။ မနှစ်က ရာသီတုန်းက ကျနော်တို့ အန်းဖီးလ်မှာ အာစင်နယ်ကို (၄ - ၁)နဲ့ အနိုင်ယူ ထားပါတယ်” လို့ စပိန်သားနည်းပြက ပြောပါတယ်။

ဒီည ချန်ပီယံလိဂ်ပွဲ အပါအ၀င် အာစင်နယ်နဲ့ လီဗာပူးဟာ တစ်ပတ်အတွင်းမှာ (၃)ခါတွေ့ရမှာ ဖြစ်ပါတယ်။

“တော်ရက်စ်က ကျနော်တို့အတွက် အဓိက ကစားသမားဆိုတာကို သူ ကိုယ်တိုင်ကလည်း သိပါတယ်။ သူ့အနေနဲ့ အရင်တုန်း ဂိုးတွေသွင်းခဲ့သလိုပဲ အခုပွဲမှာလည်း ဂိုးတွေဆက်ရဖို့ မျှော်လင့်ပါတယ်”

တိုက်စစ်မှူး တော်ရက်စ်ဟာ ပရီးမီးယားရှစ် ပထမရာသီအတွင်းမှာပဲ လီဗာပူးအတွက် စုစု ပေါင်း (၂၈)ဂိုး သွင်းပေးထားပါတယ်။

အသင်းခေါင်းဆောင် စတီဗင်ဂျရတ်ကလည်း ချန်ပီယံလိဂ်အဆင့်မှာ ယှဉ်ပြိုင်ရလို့ အာစင် နယ်ကို ကြောက်စရာမလိုကြောင်း ပြောပါတယ်။

ဂျရတ်က “ကျနော်တို့ ၂၀၀၅မှာ ချန်ပီယံဖြစ်တုန်းက အကောင်းဆုံးအသင်းတွေကို အနိုင် ရပြီးမှ ဖြစ်လာတာပါ။ ဒါမျိုး နောက်ထပ်တစ်ခါ ကျနော်တို့ ထပ်လုပ်နိုင်မှာပါ” လို့ ပြောပါတယ်။

အာစင်နယ်နောက်ခံလူ ကိုလို တိုရေးကတော့ လီဗာပူးအနေနဲ့ ကျနော်တို့နဲ့ ကစားရမှာကို ကြောက်နေတယ်လို့ ထင်ကြောင်း ပြောပါတယ်။

အာစင်ဝင်းဂါးရဲ့ အာစင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီအတွင်းမှာ လီဗာပူးကို (၃)ကြိမ် အနိုင်ရထားပါတယ်။


လီဗာပူးတိုက်စစ်မှူး တော်ရက်စ်