DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ရိုးမား - မန်ယူပွဲမှာ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ အီတလီ အာဏာပိုင်တွေက လုံခြုံရေး တိုးမြှင့်ချထား
အေဂျင်စီသတင်းများ - ဧပြီ ၁၊ ၂၀၀၈

ရောမမှာ ကစားမယ့် ဒီညချန်ပီယံလိဂ်ပွဲမှာ မန်ယူပရိတ်သတ်တွေကို အကာအကွယ် ပေးနိုင်ဖို့ အီတလီရဲအဖွဲ့က လုံခြုံရေး အစီအမံတွေကို တိုးမြှင့် ထားပါတယ်။

ရိုးမားရဲ့ အိုလံပစ်ကွင်းကို လာရောက် ကြည့်ရှု့အားပေးမယ့် မန်ယူပရိတ်သတ် (၄၀၀၀) လောက်ကို ကာကွယ်ဖို့အတွက် အီတလီ အာဏာပိုင်တွေက ရဲအဖွဲ့ဝင် (၁၄၀၀)လောက်ကို တာဝန်ပေး ထားပါတယ်။

မန်ချက်စတာ ရဲတပ်ဖွဲ့ကတော့ မန်ယူပရိတ်သတ်တွေကို အန္တရာယ် ကင်းစေဖို့အတွက် ကိုယ့် အစီအစဉ်နဲ့ ကိုယ့်မသွားဘဲ အခမဲ့ စီစဉ်ပေးထားတဲ့ ဘတ်စ်ကားတွေကို စီးနင်းကြဖို့ တိုက်တွန်းထား ပါတယ်။

မနှစ်က ဒီနှစ်သင်းဆုံတဲ့ ပထမအကျော့ ပွဲစဉ်မှာတုန်းက နှစ်ဖက်အသင်းရဲ့ ပရိတ်သတ်တွေ အကြား အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး ရိုးမား ကွင်းပြင်မှာ မန်ယူ ပရိတ်သတ် (၃)ဦး ဓားထိုးခံ ရသလို ဒုတိယအကျော့မှာကျတော့ ပရိတ်သတ် (၂၁)ဦး ထိမ်းသိမ်းခံခဲ့ ရပါတယ်။


ကွင်းပြင်မှာ လုံခြုံရေးယူထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲကားကို တွေ့ရစဉ်