အေစီမီလန်နည်းပြ အန်စလော့တီက စီးရီးအေပြိုင်ဖက် ရိုးမားအသင်းမှာ နည်းပြအဖြစ် လုပ်ကိုင်ချင်ကြောင်း မနေ့က ထုတ်ဖော် ၀န်ခံလိုက်ပါတယ်။
ချန်ပီယံလိဂ်ဖလား (၂)ကြိမ်နဲ့ စီးရီးအေဖလား (၂)ကြိမ် ရရှိထားတဲ့ အန်စလော့တီရဲ့ မီလန် အသင်းဟာ ဒီရာသီအတွင်းမှာ အသင်းရဲ့ ညံ့ဖျင်းတဲ့ ရလဒ်တွေကြောင့် ဖိအားဒဏ်တွေ ခံနေ ရပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၆)မှာ ရပ်တည် နေပါတယ်။
သတင်းတွေကတော့ အန်စလော့တီဟာ ယူရို ၂၀၀၈ ပြိုင်ပွဲပြီးရင် လက်ရွေးစင်နည်းပြ ဒိုရာ ဒိုနီရဲ့ နေရာမှာ အစားထိုး ၀င်ရောက်လိမ့်မယ်လို့ ခန့်မှန်းနေကြပေမယ့် ကာယကံရှင် ကိုယ် တိုင်ကတော့ တခြားကလပ်တစ်ခုမှာလုပ်ဖို့ တာဆူ နေပါတယ်။
“တကယ်လို့ ကျနော့်ရဲ့ နည်းပြဘ၀အတွက် ကလပ်အသင်းတစ်ခုကို ရွေးပါဆိုရင် ရိုးမား အသင်းကိုပဲ ကျနော် ရွေးမှာပါ” လို့ ရိုးမားအသင်းခေါင်းဆောင်ဟောင်း အန်စလော့တီက ပြော ပါတယ်။
“ရောမမြို့က ကမ္ဘာပေါ်မှာ အလှဆုံး မြို့တစ်မြို့ ဖြစ်ပါတယ်။ ဒီလိုမြို့မျိုးကို တခြား ဘယ်နေ ရာမှာမှ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး”
အန်စလော့တီဟာ ရိုးမားမှာ ကွင်းလယ်ကစားသမားအဖြစ်နဲ့ (၈)နှစ်ကြာ ကစားခဲ့ပြီး ၁၉၈၃မှာ စီးရီးအေ ချန်ပီယံနဲ့ အီတလီဖလား (၄)ကြိမ် ရရှိခဲ့ ဖူးပါတယ်။
သူဟာ ရိုးမားနဲ့အတူ ၁၉၈၄မှာ ဥရောပဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပေမယ့် အဲဒီပွဲမှာ လီဗာပူးကို အရေးနိမ့် ခဲ့ပါတယ်။
|

ရိုးမားမှာ နည်းပြလုပ်ဖို့ စိတ်ကူးယဉ်နေတဲ့ အန်စလော့တီ
|