DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
အဝေးကွင်းမှာ ရိုးမားကို အသာစီးယူနိုင်လိမ့်မယ်လို့ ဖာဂူဆန် ယုံကြည်ထား
အေဂျင်စီသတင်းများ - ဧပြီ ၁၊ ၂၀၀၈

ဒီည ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရိုးမားကို မန်ယူအနေနဲ့ ကောင်းကောင်း ရင်ဆိုင်နိုင်လိမ့်မယ်လို့ ဖာဂူဆန်က ယုံကြည် ထားပါတယ်။

မနှစ်က ချန်ပီယံလိဂ်မှာတုန်းကလည်း ဆုံခဲ့ဖူးတဲ့ ရိုးမားနဲ့ မန်ယူအတွက် ဒီတစ်ကြိမ်ဟာ (၅) ကြိမ်မြောက်တွေ့တာ ဖြစ်ပြီး ဖာဂူဆန်အနေနဲ့ အဝေးကွင်းမှာ အသာစီး ယူနိုင်ဖို့ မျှော်လင့် နေ ပါတယ်။

“ရိုးမားအသင်း ဒီရာသီမှာ တိုးတက်လာပါတယ်။ ဒါပေမယ့် ကျနော်တို့ သူတို့နဲ့ နှစ်ကြိမ် ဆုံ ထား ဖူးလို့ ဘယ်လို မျှော်လင့်ရမလဲ ဆိုတာကို ကျနော်တို့ သိပါတယ်” လို့ ဖာဂူဆန်က ပြောပါတယ်။

“ဒီပွဲက တော်တော်တော့ လွယ်မှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ လက်ရှိပုံစံနဲ့ နောက်တဆင့်ကို တက်နိုင်မှာပါ”

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပွဲအကြို ပြီးခဲ့တဲ့ စနေနေ့က ပရီးမီးယားရှစ် ပွဲစဉ်မှာ အက်စ တွန်ဗီလာကို (၄)ဂိုးပြတ်နဲ့ အနိုင်ယူထားပြီး ဒုတိယနေရာက ချဲလ်ဆီးကို ဇယားထိပ်မှာ (၅) မှတ်ပြတ်နဲ့ ဦးဆောင် ထားပါတယ်။

မန်ယူတိုက်စစ်မှူး ရွန်နီက “ရိုးမားနဲ့ပွဲက ကျနော်တို့အတွက် ပွဲကြီးတစ်ပွဲပါ။ ဗီလာကို အနိုင် ရတဲ့ နည်းလမ်းမျိုးနဲ့ အနိုင်ယူဖို့ ကျနော်တို့ ကြိုတင် ပြင်ဆင်ထားပါတယ်” လို့ ပြောပါ တယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ မန်ယူဟာ အံ့သြဖို့ ကောင်းလောင်အောင် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရိုးမားကို (၇ - ၁)နဲ့ စံချိန်တင် ပြတ်ပြတ်သားသား အနိုင်ယူ ထားပါတယ်။

ဖာဂီက “ရိုးမားလို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အသင်းမျိုးနဲ့ အစမ်းသပ်ခံရတဲ့ ပွဲမျိုးမှာ ကျနော်တို့ တတွေ အာရုံစိုက်ပြီး ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ထပ်ပြောပါတယ်။


ဖာဂူဆန်