DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ရိုးမားအတွက် မန်ယူအပေါ်တင်နေတဲ့ သမိုင်းဝင် ရှုံးကြွေးကို ဆပ်နိုင်၊ မဆပ်နိုင် ဒီညမှာ အဖြေထွက်
ရိုက်တာ - ဧပြီ ၁၊ ၂၀၀၈

မနှစ်က ကွာတားဖိုင်နယ်မှာ ဂိုးပြတ်နဲ့ စံချိန်တင် ရှုံးထားတဲ့ ရှုံးကြွေးကို ချေဖျက်နိုင်ဖို့ အခွင့်အရေးအဖြစ် ရိုးမားက ဒီညမှာ ပြိုင်ဖက်ဟောင်းကြီး မန်ယူနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ရိုးမားကို ပြီးခဲ့တဲ့နှစ် ချန်ပီယံကွာတားဖိုင်နယ် ပထမအကျော့ အီတလီမြေ မှာတုန်းက (၂ - ၁)နဲ့ ရှုံးထားပေမယ့် အိုးထရက်ဖို့ဒ်မှာ ပြန်ကစားတဲ့ အခါကျတော့ နှစ်ပွဲပေါင်း ရလဒ် (၈ - ၃)နဲ့ အနိုင်ရ ထားပါတယ်။

ဒီညကစားမယ့်ပွဲမှာ အိမ်ရှင်အသင်းက အားထားရနေရတဲ့ အသင်းခေါင်းဆောင် တောတီ ပါဝင်နိုင်မှာ မဟုတ်သလို မန်ယူကွင်းလယ်က မိုက်ကယ် ကာရစ်လည်း ဒဏ်ရာကြောင့် မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။

မန်ယူနည်းပြ ဖာဂူဆန်က “ရိုးမားက စီးရီးအေမှာ ဒုတိယနေရာမှာ ရပ်တည်နေပြီး ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။ သူတို့အသင်းက မနှစ်ကထက် ပိုပြီး ကောင်းလာတယ် ဆိုတာ ဇယားရဲ့ ရပ်တည်မှု အခြေအနေတွေက ပြနေပါတယ်” လို့ ပြောပါတယ်။

ရိုးမားစတား ဒီရော့စီကတော့ ယူနိုက်တက်က ဆီမီးဖိုင်နယ်ကို ရောက်ဖို့ ရေပန်းစားပေမယ့် မနိုင်စရာ အကြောင်းမရှိကြောင်း သတိပေး လိုက်ပါတယ်။

“သူတို့အသင်းက တောင့်တင်းပြီး အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ ကျနော်တို့က သူတို့ကို စိုးရိမ်သလို သူတို့ကလည်း ကျနော်တို့ကို ဂရုစိုက်ရမှာပါ”

တစ်ညတည်းပဲ ကစားကြမယ့် တခြားချန်ပီယံလိဂ် ကွာတား ပွဲစဉ်တစ်ခုကတော့ ဂျာမန်ကလပ် ရှောကဲနဲ့ ဘာစီလိုနာတို့ရဲ့ပွဲပဲ ဖြစ်ပါတယ်။


မန်ယူကစားသမားတွေ ရိုးမားရဲ့ အိုလံပစ်လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်နေစဉ်