မန်ယူနည်းပြကြီး အဲလက် ဖာဂူဆန်က လက်ထောက်နည်းပြ ကားလို့စ် ကွီရော့စ်အနေနဲ့ လာမယ့် ရာသီကျရင် ပေါ်တူဂီကလပ် ဘင်နီဖီကာကို ပြောင်းရွေ့မှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။
ပေါ်တူဂီကလာတဲ့ သတင်းတွေက ကွီရော့စ်က ဘင်နီဖီကာရဲ့ လက်ရှိ ယာယီနည်းပြ ဖာနန်ဒို ချာလာနာရဲ့ နေရာမှာ အစားထိုး ၀င်ရောက်ခြင်နေကြောင်း ရေးသား ကြပါတယ်။
“ကားလို့စ်အတွက်တော့ ကျနော် မပြောနိုင်ပါဘူး။ ဒါပေမယ့် ကျနော့်အနေနဲ့ သေချာတာ ကတော့ သူ လာမယ့်နှစ်မှာ ဘင်နီဖီကာကို သွားမှာ မဟုတ်ပါဘူး” လို့ ဖာဂူဆန်က ပြောပါ တယ်။
လက်ထောက်နည်းပြ ကားလို့စ် ကွီရော့စ်ဟာ ရီရဲလ်မက်ဒရစ် မန်နေဂျာရာထူးကို တစ်နှစ်ကြာ လက်ခံရယူပြီးနောက် မအောင်မြင်ဘဲ ၂၀၀၄မှာ မန်ယူကို ပြန်လာခဲ့ပါတယ်။
|

ဖာဂူဆန်နဲ့ လက်ထောက်နည်းပြ ကားလို့စ် ကွီရော့စ်
|