အာစင်နယ်နည်းပြ အာစင်ဝင်းဂါးက ကွင်းလယ်လူ ဖလာမီနီနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် ဆွေးနွေးနေဆဲ ဖြစ်ကြောင်းနဲ့ လာမယ့် ဧပြီလထဲမှာ အပြီးသတ်နိုင်လိမ့်မယ်လို့ မျှော် လင့်ကြောင်း အခိုင်အမာ ပြောပါတယ်။
အသက် (၂၄)နှစ်အရွယ် တောင်ပံလူဟာ စာချုပ်သစ် မချုပ်ဖြစ်ပါက ရာသီအကုန်မှာ အလွတ် ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့နိုင်မှာဖြစ်ပြီး အီတလီကလပ် အင်တာမီလန်က ခေါ်ယူဖို့ ဆက် သွယ်မှုတွေ လုပ်နေပါတယ်။
စည်းမျဉ်းစည်းကမ်းတွေအရ ပြင်သစ်လက်ရွေးစင်ဟာ လောလောဆယ် တခြားကလပ် အ သင်းတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောဆိုနိုင်မှာ ဖြစ်ပေမယ့် ၀င်းဂါးကတော့ အသင်း မှာပဲ ဆက်နေဖို့ မျှော်လင့် နေပါတယ်။
“အခြေအနေတွေက တိုးတက်နေပါတယ်။ စကားပြောဆို ညှိနှိုင်းမှုတွေက အကောင်းဆုံး အနေ အထားမှာ ရှိနေပြီး ဧပြီလထဲမှာ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ အာစင် နယ်နည်းပြ ၀င်းဂါးက ပြောပါတယ်။
ဖလာမီနီဟာ ဒီနှစ်ရာသီအတွင်း အာစင်နယ်ရဲ့ ကွင်းလယ်လူ ဖာဘရီဂတ်စ်နဲ့တွဲပြီး ခြေစွမ်းပြ နေပါတယ်။
|

ဖလာမီနီ (ယာ)က ဘော်လ်တန်ဖက်ကို ထိုးဖောက်နေစဉ်
|