DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
(၂)ပွဲဆက်တိုက် အနိုင်ရတဲ့ နယူးကာဆယ်ကို (၁၀)သင်းစာရင်း ၀င်ဖို့ ကီဂန်း ရည်မှန်း
ဘီဘီစီ - မတ်လ ၃၁၊ ၂၀၀၈

တော့တင်ဟမ်ကို အဝေးကွင်းမှာ (၄ - ၁)နဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ နယူးကာဆယ် မန်နေဂျာ ကီဗင်ကီးဂန်းက သူ့အသင်းကို (၁၀)သင်း စာရင်းမှာ ၀င်နိုင်ဖို့အတွက် ပစ်မှတ်ထားနေပါတယ်။

နယူးကာဆယ်ကို တကျော့ပြန်ရောက်လာတဲ့ ကီးဂန်းရဲ့ လက်ထက်မှာ (၉)ပွဲအထိ နိုင်ပွဲ မရှိခဲ့ ရာကနေ (၂) ပွဲဆက်တိုက် အနိုင်ရလို့ အခုအခါမှာ တန်းဆင်းဇုံရဲ့ အထက် (၉)မှတ်အကွာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အသက် (၅၇)နှစ်ရှိ ကီးဂန်းက “ကျနော်တို့ အခုကစပြီး ရှေ့ဆက်တက်နိုင်ဖို့ မျှော်ကြည့်ရ တော့မှာပါ” လို့ ပြောပါတယ်။

နယူးကာဆယ်ဟာ မနေ့ညကပွဲမှာ နစ်ကီဘတ်၊ ဂျရမီ၊ မိုက်ကယ်အိုဝင်နဲ့ မာတင်စ်တို့ရဲ့ သွင်း ဂိုးတွေနဲ့ တော့တင်ဟမ်ကို (၄ - ၁)နဲ့ အနိုင်ရခဲ့ပြီး လောလောဆယ် အမှတ်ပေးဇယားရဲ့ (၁၂)နေရာမှာ ရပ်တည် နေပါတယ်။

ကီးဂန်းက ဆက်လက်ပြီး “အဲဒီပွဲမှာ ကျနော်တို့ရဲ့ ကစားအားနဲ့ အစွမ်းအစတွေကို စပါးစ်ထက်ပိုပြီး ပြနိုင်ခဲ့ပါတယ်။ ဒါက စပါးစ်ကို မလေးစားတဲ့ သဘောမျိုး ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့အသင်းက အံ့သြစရာကောင်းတဲ့ အသင်းမျိုးပါ” လို့ ပြောပါတယ်။


နယူးကာဆယ် မန်နေဂျာ ကီးဂန်း