DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ဒဏ်ရာတွေနဲ့ လုံးပန်းနေတဲ့ ဟာရီကီးဝဲလ်က လီဗာပူးမှာ ပုံမှန်ကစားခွင့်ရရေး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်
အေအက်ဖ်ပီ - မတ်လ ၂၈၊ ၂၀၀၈

ပေါင်ခြံဒဏ်ရာက ခွဲစိတ်ကုသဖို့ မလိုတဲ့အတွက် အင်္ဂလန်ကိုပြန်ပြီး လီဗာပူးမှာ ပုံမှန်ကစား ခွင့်ရဖို့ တိုက်ပွဲဝင်သွားမယ်လို့ သြစတြေးလျမှာ ဆေးကုသမှု ခံယူနေတဲ့ ဟာရီ ကီးဝဲလ်က ပြောဆိုကြောင်း သတင်းတွေက ဆိုပါတယ်။

ကီးဝဲလ်ဟာ စင်္ကာပူနဲ့ ကစားတဲ့ပွဲတုန်းက ရထားတဲ့ ပေါင်ခြံဒဏ်ရာကြောင့် ပြီးခဲ့တဲ့ အပတ်က ကူမင်းမှာ တရုတ်နဲ့ ဂိုးမရှိသရေကျတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို လွဲချော် ခဲ့ပါတယ်။

သြစတြေးလျတိုက်စစ်မှူး ဒဏ်ရာအတွက် ဆေးကုသမှု ခံယူဖို့ ဆစ်ဒနီကို ပြန်လာခဲ့ပေမယ့် ခွဲစိတ်ကုသဖို့တော့ မလိုကြောင်း သတင်းတွေက ရေးပါတယ်။

ဓါတ်မှန်ရိုက် စစ်ဆေးချက်တွေမှာ ကီးဝဲလ်ရဲ့ ဒဏ်ရာက ဆိုးဆိုးဝါးဝါး မဟုတ်ကြောင်း ဖော်ပြ ပါတယ်။

တိုက်စစ်မှူး ကီးဝဲလ်က “နောက်ထပ် (၂)ပတ်လောက်အတွင်းမှာ ကျနော် ပြန်ကစား နိုင်တော့ မှာပါ။ ကျနော့် ဒဏ်ရာက အသေးအဖွဲ့ ဒဏ်ရာမျိုးပါ” လို့ ပြောပါတယ်။

ကီးဝဲလ်ဟာ ဘန်စလေကို ရှုံးတဲ့ အက်ဖ်အေဖလားပွဲအပြီး ဖေဖေါ်ဝါရီ (၁၆)ရက်နေ့ကတည်း က အခုအချိန်အထိ လီဗာပူးအတွက် ကစားပေးရခြင်း မရှိသေးပါဘူး။

လီဗာပူးမှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ ကီးဝဲလ်ရဲ့ (၅)နှစ် စာချုပ်သက်တမ်းဟာ လာမယ့် ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

သူဟာ ဇူလိုင် ၂၀၀၃မှာ လိဒ်ယူနိုက်တက်ကနေ ပေါင် (၅)သန်းနဲ့ လီဗာပူးကို ပြောင်းရွေ့ လာပြီးနောက် အန်းဖီးလ်ကလပ်အတွက် ပွဲပေါင်း (၉၃)ပွဲ ကစား ပေးထားပါတယ်။


ဟာရီကီးဝဲလ်ရဲ့ ထိုးဖောက်နေဟန်