ချဲလ်ဆီးအနေနဲ့ လက်ကျန် (၇)ပွဲစလုံး အနိုင်ရရင် ဇယားထိပ်ကနေ မန်ယူကို ဖယ်ရှားပစ် နိုင်လိမ့်မယ်လို့ မိုက်ကယ် အက်စီယန်က အခိုင်အမာ ပြောပါတယ်။
စတန်းဖို့ဘရစ်ခ်ျအသင်းဟာ ဖာဂူဆန်ရဲ့ အသင်းနောက်မှာ ဒုတိယနေရာကနေ (၅)မှတ် အ ကွာနဲ့လိုက်နေပြီး လာမယ့် (၂၆)ရက်နေ့ကျရင် အိမ်ကွင်းမှာ မန်ယူကို ဧည့်ခံရဖို့ ရှိပါတယ်။
ကွင်းလယ်လူ အက်စီယန်က “လူတွေက ကျနော်တို့ကို ချန်ပီယံဆုနဲ့ ဝေးသွားပြီလို့ ထင်နေတဲ့ အချိန်မှာ ကျနော်တို့ရဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်မှုတွေကို ပြပြီး ချန်ပီယံလမ်းကြောင်း ပေါ်ကို ပြန်တက်နိုင် ခဲ့ပါပြီ” လို့ ပြောပါတယ်။
“လက်ကျန်ပွဲတွေအားလုံးမှာ အနိုင်ရဖို့အတွက် ကျနော်တို့ အားထုတ်မှုတွေကို ဆက်ပြီး လိုပါတယ်”
“မန်ယူကို အနိုင်ယူပြီး ဇယားထိပ်မှာ ရပ်တည်နိုင်ရေးက ကျနော်တို့အတွက် အရမ်း အရေး ကြီး ပါတယ်။ ဒါပေမယ့် လက်ကျန်ပွဲတွေကိုတော့ သေချာပေါက် အနိုင်ယူ ရပါမယ်”
အသက် (၂၅)နှစ်အရွယ် ဂါနာလက်ရွေးစင်က “ဒီရာသီရဲ့ အခုအဆင့်တွေမှာ အသင်းတိုင်း အ မှတ်လျော့ နိုင်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ခန့်မှန်းရ ခက်ပါတယ်။ ကျနော့် ခြေစွမ်း ကလည်း ဒီရာသီအတွင်းမှာ အမြင့်ဆုံး အနေအထားမှာ ရှိနေတယ်လို့ ခံစားရပါတယ်” လို့ ပြောပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့က အာစင်နယ်ကို အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ခုန်တက်နိုင် ခဲ့ပါတယ်။
အက်စီယန်ဟာ ဒီနှစ်ရာသီအတွင်း ချဲလ်ဆီးမှာ ပွဲချိန်ပြည့် (၁၆)ပွဲ၊ လူစားဝင်ကစားရတာ (၄) ပွဲနဲ့ စုစုပေါင်း (၅)ဂိုး သွင်းပေး ထားပါတယ်။
|