DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
မိုးထဲလေထဲမှာ ဆန်ညာ ခြေကျင်းဝတ် ဒဏ်ရာရသွားလို့ အာစင်နယ်အတွက် အခံရခက်
ဘီဘီစီ - မတ်လ ၂၈၊ ၂၀၀၈

အာစင်နယ်နောက်ခံလူ ဘာကာရီ ဆန်ညာဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် အနည်းဆုံး (၃)ပတ်လောက် အနားယူရမှာ ဖြစ်ပါတယ်။

အသက် (၂၅)နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ ချဲလ်ဆီးကို (၂ - ၁)နဲ့ ရှုံးတဲ့ပွဲမှာ အာစင်နယ် အတွက် တစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် (၇၂)မိနစ်မှာ ဒဏ်ရာရခဲ့ခြင်း ဖြစ်ပါတယ်။

အာစင်နယ်နည်းပြ အာစင်ဝင်းဂါးက “သူ ဒဏ်ရာကြောင့် လောလောဆယ်တော့ မကစား နိုင် သေးပါဘူး။ ကျနော် သေချာအောင် ထပ်ကြည့်ပြီးပါပြီ။ သူ့ရဲ့ ခြေကျင်းဝတ်က လည်ထွက် နေ ပါတယ်။ ဒါဟာ ဆိုးဝါးတဲ့ ထိခိုက်မှုမျိုးပါ” လို့ ပြောပါတယ်။

နောက်ခံလူ ဆန်ညာဟာ ဧပြီလထဲမှာ လီဗာပူးနဲ့ ကစားဖို့ရှိတဲ့ ပရီးမီးယားလိဂ်ပွဲနဲ့ ချန်ပီယံ လိဂ်ပွဲတွေကို လွဲချော်ဖို့ ဖြစ်နိုင်ချေ များနေပါတယ်။

သူ့အနေနဲ့ ဧပြီလ (၁၃)ရက်နေ့မှာ ဇယားထိပ်က မန်ယူနဲ့တွေ့မယ့် ပွဲကိုပါ လွဲချော်မှာ ဖြစ် ပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီကမှ ပြင်သစ်ကလပ် အော်ဇရီကနေ ခေါ်ယူထားတဲ့ ညာနောက်ခံလူဟာ ဒီရာသီအတွင်းမှာ ခြေစွမ်းပြနိုင်လို့ ပုံမှန်ကစားခွင့် ရနေပါတယ်။


ဒဏ်ရာရသွားတဲ့ ဆန်ညာကို ဆေးအဖွဲ့က ကွင်းပြင်ကို တွဲခေါ်နေစဉ်