ဒီရာသီ အင်္ဂလိပ်ပရီးမီးယားလိဂ်ဟာ အခုဆိုရင် ပွဲစဉ် ၃၂ ကို ရောက်လာပြီဆိုတော့ လက်ကျန်ပွဲစဉ် ၇ ပွဲပဲရှိ တော့ ပါတယ်။ လက်ရှိအနေအထားအရ ချယ်လ်ဆီးကို ၅ မှတ်၊ အာဆင်နယ်ကို ၆ မှတ်ဖြတ်ထားပြီး ဇယားထိပ် ဆုံးမှာရပ်တည်နေတဲ့ မန်ယူက လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့အလားအလာ အကောင်းဆုံးဖြစ်နေပေမယ့် မထင်မှတ်တဲ့ အပြောင်းအလဲတွေ မကြာခဏဖြစ်တတ်တဲ့ ဒီနှစ် ပရီးမီးယားလိဂ်ရဲ့ အနေအထားကြောင့် ခုချိန်မှာ ဘာကိုမှအပြတ်ပြောလို့မရသေးဘူး။ ဇယားအောက်ပိုင်းမှာလည်း ဒါဘီကလွဲရင် ဘယ်အသင်းတန်းဆင်းရမလဲဆိုတာ ခန့်မှန်းရခက်နေသေးတော့ လက်ကျန်ပွဲစဉ်တိုင်းဟာ အကြိတ်အနယ်ရှိနေပြီး မထင်မှတ်တဲ့ ရလဒ်တွေလည်း ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ သတိထားဖို့လိုပါလိမ့်မယ်။

ပရီးမီးယားလိဂ် အမှတ်တံဆိပ်
ဘာမင်ဂမ် - မန်စီးတီး
ပကျော့ မန်စီးတီး ၁ - ၀ ဘာမင်ဂမ်
ပြီးခဲ့တဲ့ ၂ ပွဲမှာ ရလဒ်မကောင်းတဲ့ ဘာမင်ဂမ်ဟာ တန်းဆင်းဇုန်နားကပ်နေတော့ ဒီပွဲကို သေချာတင် ကစား ပါလိမ့်မယ်။ ဒါကြောင့် ခြေမှန်ပြန်မရသေးတဲ့ မန်စီးတီး သတိထားပြီး ထိန်းကစားနိုင်မှ ဖြစ်လိမ့်မယ်။
ပွဲစဉ်ရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် မန်စီးတီး ၂၀% ကြေးရှုံးမယ်
ဝီလျံဟေးလ် - တူပေးထား
အင်တာနက်ခန့်မှန်း - ၁ - ၀ သို့ ၁ - ၁
ရန်ကုန်ဂျာနယ်များ - မန်စီးတီးကို အနိုင်ပေးတာများ
စာရေးသူအမြင် - မန်စီးတီးကိုပဲ သဘောပိုကျ
ရက်ဒင်း - ဘလက်ဘန်း
ပကျော့ ဘလက်ဘန်း ၄ - ၂ ရက်ဒင်း
တန်းဆင်းဇုန်နားပြန်ကပ်လာတဲ့ ရက်ဒင်း အမှားခံမှာမဟုတ်တော့ဘူး။ အိမ်ကွင်းမှာဆိုရင် ရက်ဒင်းကစားပုံ ပိုကောင်း တော့ ဘလက်ဘန်း မချောင်လောက်ဘူး။ ဒါပေမယ့် ဘလက်ဘန်းဟာလည်းယူအီးအက်ဖ်အေ၀င်ခွင့်တစ်နေရာတွက် မျော်လင့်ချက်ရှိနေလို့ လက်ကျန်ပွဲတွေကို တင်ကစားလာနိုင်လို့ ရက်ဒင်းအတွက်လည်း ခက်ခဲမယ့်ပွဲပါ။ နှစ်သင်းစလုံးရဲ့ Set Piece တွေကတော့ တော်တော် ကောင်းတယ်။ ပွဲကောင်းနိုင်သလို ပွဲလည်းကြမ်းသွားနိုင်တယ်။
ပွဲစဉ်ရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် ရက်ဒင်းကြေးရှုံးမယ်
ဝီလျံဟေးလ် - ရက်ဒင်းကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - ၂ - ၁
ရန်ကုန်ဂျာနယ်များ - ရက်ဒင်းကိုပိုကြိုက်ကြ
စာရေးသူအမြင် - ဘလက်ဘန်းကို အရဲစွန့်အားပေးချင်
ဘော်လ်တန် - အာဆင်နယ်
ပကျော့ အာဆင်နယ် ၂ - ၀ ဘော်လ်တန်
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲသရေ၊ ၁ ပွဲရှုံးပြီး တစ်ပွဲမှအနိုင်မရခဲ့လို့အာဆင်နယ်အတွက် ချန်ပီယံ မျော်လင့်ချက်အတော်ပြန်နည်းသွားပြီး စိတ်ဓာတ်ကျနေတဲ့အချိန်မှာ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ဘော်လ်တန်နဲ့ လာဆုံ တာဆိုတော့ အာဆင်နယ်မချောင်လောက်ဘူး။ ဒါပေမယ့် အာဆင်နယ်က ပွဲတိုင်းကို ကစားကွက်အသာ၊ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ ပြီး Finishing မသေချာတာနဲ့ ဂိုးကံခေးခဲ့တာကြောင့် အနိုင်မရခဲ့တာကိုတော့ ထည့်တွက်ရမယ်။ ပုံမှန်ခြေအရဆိုရင် အာဆင်နယ်က သာပါတယ်။ တစ်ခုရှိတာက ဘော်လ်တန်ဟာ အသင်းကြီးတွေကို ခံကစားတတ်တဲ့ အစဉ်အလာရှိပြီး အမှတ်သိပ်လိုနေတာကိုတော့ ထည့်တွက်ရမယ့်။ ချန်ပီယံလိဂ်ကို အာရုံရောက်နေရင်တော့ ဒီပွဲမှာ အာဆင်နယ်အခက်တွေ့နိုင်တယ်။
ပွဲစဉ်ရလဒ်ခန့်မှန်းချက်
Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် အာဆင်နယ် ၂၀ % ကြေးရမယ်
ဝီလျံဟေးလ် - အာဆင်နယ်ကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - ၁ - ၂
ရန်ကုန်ဂျာနယ်များ - ဘော်လ်တန်ကို ပိုကြိုက်ကြ
စာရေးသူအမြင် - အာဆင်နယ်ကိုပဲ အရဲစွန့်အားပေးချင်တယ်
ဆန်းဒါးလန်း - ၀က်စ်ဟမ်း
ပကျော့ ၀က်စ်ဟမ်း ၃ - ၁ ဆန်းဒါးလန်း
ရွိုင်ကိန်းတို့အဖွဲ့ လက်ကျန်ပွဲတွေကို ညှစ်ကစားနေလို့ ၀က်စ်ဟမ်း မချောင်လောက်ဘူး။ ဒါပေမယ့် နည်းပြအတွေ့ အကြုံနဲ့ ကစားသမားအင်အားအရဆိုရင်တော့ ၀က်စ်ဟမ်းက သာပါတယ်။
ပွဲစဉ်ရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် ဆန်းဒါးလန်း ကြေးရှုံးမယ်
ဝီလျံဟေးလ် - ဆန်းဒါးလန်းကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - ၁ - ၁ သို့ ၂ - ၁
ရန်ကုန်ဂျာနယ်များ - ဆန်းဒါးလန်းကိုပိုကြိုက်ကြ
စာရေးသူအမြင် - ၀က်စ်ဟမ်းကိုပဲ အရဲစွန့်အားပေးချင်
ပို့စ်မောက် - ၀ီဂန်
ပကျော့ ၀ီဂန် ၀ - ၂ ပို့စ်မောက်
ပြီးခဲ့တဲ့အပတ်က နှစ်သင်းစလုံး ရှုံးပွဲတွေထားတော့ ဒီပွဲမှာ တင်ကစားကြလိမ့်မယ်။ ယူအီးအက်ဖ်အေ၀င် ခွင့်သေချာဖို့ ပို့စ်မောက် သေချာပြင်ဆင်ကစားမှာဖြစ်သလို ၀ီဂန်ကလည်း တန်းဆင်းဇုန်အငွေ့အသက်နဲ့ မကင်းသေးလို့ အမှတ်ရအောင် ကြိုးစားမှာမို့ ပွဲကောင်းနိုင်တယ်။
ပွဲစဉ်ရလဒ်ခန့်မှန်းချက်
Asian Bookie - တစ်ဂိုးနဲ့ နိုင်ရင်တောင် ပို့စ်မောက် ၂၀% ပဲကြေးရမယ်
ဝီလျံဟေးလ် - ပို့စ်မောက်ကိုပဲ ----
အင်တာနက်ခန့်မှန်း - ၂ - ၁
ရန်ကုန်ဂျာနယ်များ - ပို့စ်မောက်ကို ပိုကြိုက်ကြ
စာရေးသူအမြင် - ပို့စ်မောက်ကိုပဲ ကြိုက်တယ်
ဒါဘီ - ဖူလ်ဟမ်
ပကျော့ ဖူလ်ဟမ် ၀ - ၀ ဒါဘီ
တန်းဇယားအောက်ဆုံးက ဒါဘီနဲ့ သူ့အထက်နားက ဖူလ်ဟမ်တို့ တွေ့မယ့်ပွဲဖြစ်လို့ တစ်မျိုးစိတ်ဝင်စားစရာ ကောင်းတယ်။ နှစ်သင်းစလုံးက အမှတ်ရဖို့အတွက်ရော၊ ဂုဏ်သိက္ခာအတွက်ပါ အားထည့်ကစားကြမှာဆိုတော့ အ၀ါကဒ်တွေလည်း တော်တော်များ သွားနိုင်တယ်။
ပွဲစဉ်ရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် ဒါဘီ ၅၀% ကြေးရှုံးမယ်
ဝီလျံဟေးလ် - ဒါဘီကိုပဲ အပေါ်ကြေး ခပ်ပါးပါးလေးပေးထား
အင်တာနက်ခန့်မှန်း - ၁ - ၁
ရန်ကုန်ဂျာနယ်များ - သရေမှန်းတာများ
စာရေးသူအမြင် - ဒါဘီကို အားပေးချင်တယ်
မန်ယူ - ဗီလာ
ပထမကျော့ ဗီလာ ၁ - ၄ မန်ယူ
ချန်ပီယံဖြစ်ဖို့ အလားအလာပိုကောင်းနေပေမယ့် ဒီပွဲကို အမှတ်ရအောင် သေချာပြင်ဆင်ကစားပါလိမ့်မယ်။ ဒါပေမယ့် ဗီလာနဲ့ခြေတွေ့ရင် အသင်းကြီးတွေကို ဒုက္ခကောင်းကောင်းပေးနိုင်တဲ့အချက်နဲ့ မန်ယူ ရိုးမား လာမယ့် အင်္ဂါနေ့မှာ ချန်ပီယံလိဂ် အဝေးကွင်းပွဲသွားကစားဖို့ရှိနေလို့ လူစုံထုတ်မထုတ် ခြေကုန်ထုတ်မထုတ် မသေချာတာ ကိုတော့ ထည့်စဉ်းစားဖို့လိုပါလိမ့်မယ်။ ပုံမှန် ဆိုရင်တော့ မန်ယူ သာပါတယ်။
ပွဲစဉ်ရလဒ်ခန့်မှန်းချက်
Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် မန်ယူကြေးမရနိုင်သေး
ဝီလျံဟေးလ် - မန်ယူကိုပဲ --------
အင်တာနက်ခန့်မှန်း - ၂ - ၁
ရန်ကုန်ဂျာနယ်များ - မန်ယူကပ်နိုင်မယ်လို့ပြော
စာရေးသူအမြင် - မန်ယူကိုပဲ အရဲစွန့်အားပေးရမှာပါ။
ချယ်လ်ဆီး - မစ်ဒယ်ဘရော့
ပကျော့ မစ်ဒယ်ဘရော့ ၀ - ၂ ချယ်လ်ဆီး
ချန်ပီယံမျော်လင့်ချက်ပြန်ရှိလာတဲ့ ချယ်လ်ဆီး တင်ကစားမှာသေချာတယ်။ ချယ်လ်ဆီး အိမ်ကွင်းရှုံးပွဲစံချိန် လည်း မပြတ် သေးဘူး။ မစ်ဒယ်ဘရော့ခြေကလည်း ပုံမှန်မဟုတ်သလို ချယ်လ်ဆီးပဲ အသာရဖို့များတယ်။ ချယ်လ်ဆီး ဖင်နာဘာချီနဲ့ ချန်ပီယံလိဂ် အဝေးကွင်း ပွဲရှိနောကိုတော့ နည်းနည်းထည့်တွက်ထားဖို့ လိုပါမယ်။
ပွဲစဉ်ရလဒ်ခန့်မှန်းချက်
Asian Bookie - နှစ်ဂိုးနဲ့ နိုင်ရင်တောင် ချယ်လ်ဆီး ၆၀% ပဲကြေးရမယ်
ဝီလျံဟေးလ် - ချယ်လ်ဆီးကိုပဲ -----
အင်တာနက်ခန့်မှန်း - ၂ - ၁
ရန်ကုန်ဂျာနယ်များ - ချယ်လ်ဆီးကိုပဲ ပိုကြိုက်ကြ
စာရေးသူအမြင် - ချယ်လ်ဆီး ကပ်နိုင်မယ်ထင်တယ်
စပါး - နယူးကာဆယ်
ပကျော့ နယူးကာဆယ် ၃ - ၁ စပါး
နယူးကာဆယ် ခြေပြန်တက်လာလို့ စပါးတော်တော်သတိထားရမယ်။ ဒါပေမယ့် စပါးဟာ ယူအီးအက်ဖ်အေ ၀င်ခွင့်ပြန်ရ အောင် တင်ကစားမယ့်အပြင် ကစားသမားအင်အားနဲ့ နည်းပြပိုင်းက နယူးကာဆယ်ထက် သာနေသလို အိမ်ကွင်းအခွင့်အရေးလည်း ရှိနေလို့ နယူးကာဆယ်ခံစစ်သေခြာ သတိထားမှ အခြေအနေကောင်းနိုင်တယ်။
ပွဲစဉ်ရလဒ်ခန့်မှန်းချက်
Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် စပါး ၂၀% ပဲကြေးရမယ်
ဝီလျံဟေးလ် - စပါးကိုပဲ ------
အင်တာနက်ခန့်မှန်း - ၂ - ၁
ရန်ကုန်ဂျာနယ်များ - စပါးကိုပဲ ပိုကြိုက်ကြ
စာရေးသူအမြင် - စပါးကိုပဲ ပိုကြိုက်တယ်
လီဗာပူး - အဲဗာတန်
ပကျော့ အဲဗာတန် ၁ - ၂ လီဗာပူး
ပြိုင်ဆိုင်မှုသိပ်ပြင်းထန်တဲ့ မာဆေးဆိုက်ဒါဘီပွဲကြီးဖြစ်လို့ ဒီတစ်ပတ်မှာ ကြည့်အကောင်းဆုံးပွဲပဲ။ လီဗာပူး ခြေနဲနဲပြန် လက်တာတယ်ဆိုပေမယ့် မန်ယူကို ၃ ဂိုးပြတ်နဲ့ ရှုံးသွားတဲ့ပွဲကခြေမျိုးဆိုရင်တော့ မာကျော့တဲ့ အဲဗာတန်ကို အသာရဖို့မလွယ်ဘူး။ မာရှေယာနိုကလည်း ပွဲပယ်ခံထားရတော့ ကွင်းလယ်ပိုင်း အားနည်းသွားနိုင်တယ်။ ဒါပေမယ့် အဲဗာတန်ရဲ့ နောက်ဆုံး ၂ ပွဲခြေစွမ်းနဲ့ ရလဒ်ပိုင်းကလည်း မကောင်းလို့ အသင်းစိတ်ဓာတ်ပိုင်း သိပ်မကောင်းသေးဘူး။ ဒါကြောင့် အဲဗာတန်အတွက်လည်း သိပ်ခက်တဲ့ပွဲ ဖြစ်မှာပဲ။ ဒါပေမယ့် အဆင့် ၄ နေရာအတွက် အားပြိုင်နေတဲ့အသင်းချင်းတွေ့တာရယ်၊ ဒါဘီပွဲဖြစ်တာရယ်ကြောင့် ဒီပွဲဟာ လွယ်လွယ် နဲ့ အဖြေထွက်မှာတော့ မဟုတ်ဘူး။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်နဲ့ အဝေးကွင်းချန်ပီယံ လိဂ်ပွဲကျပ်ကစားဖို့ရှိနေ လို့ လီဗာပူး ဘယ်လို line-up ထွက်လာမလဲတော့ မသိဘူး။
ပွဲစဉ်ရလဒ်ခန့်မှန်းချက်
Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် လီဗာပူး ၇၀% ပဲကြေးရမယ်
ဝီလျံဟေးလ် - လီဗာပူးကိုပဲ ------
အင်တာနက်ခန့်မှန်း - ၂ - ၁ သို့ ၁ - ၁
ရန်ကုန်ဂျာနယ်များ - လီဗာပူးကိုပဲ ပိုကြိုက်ကြ
စာရေးသူအမြင် - အဲဗာတန်ကို အရဲစွန့်အားပေးချင်တယ်
|