ဂျုအန်ဒီ ရာမို့စ်ဟာ ဘာစီလိုနာစတား ရော်နယ်ဒင်ဟိုကို ပရီးမီးယားရှစ်မှာ ကစားခိုင်းဖို့ အတွက် မျက်စီကျ နေပါတယ်။
စပါးစ်နည်းပြ ရာမို့စ်က တိုက်စစ်ပိုင်းမှာ လက်ရှိ တိုက်စစ်မှူး ဘာဘာတော့ပ်နဲ့ တွဲဖက်ကစား နိုင်ဖို့အတွက် ရော်နယ်ဒင်ဟိုသာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ထင်မြင် နေပါတယ်။
ဆန်းစပို့စ်က ဘာကာအနေနဲ့ ပေါင် (၁၂)သန်းရရင် ရော်နယ်ဒင်ဟိုကို ထုတ်ရောင်းနိုင်တယ် လို့ မနေ့ကထုတ်ဝေတဲ့ စာစောင်မှာ ဖော်ပြထားပါတယ်။
ရာမို့စ်က ဘရာဇီးစတားရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး လာမယ့် နွေရာသီ ဈေးကွက်မှာ အဓိကပစ်မှတ်အနေနဲ့ ခေါ်ယူနိုင်ဖို့ ပြင်ဆင် နေပါတယ်။
“ရော်နယ်ဒင်ဟိုသာ ကျနော်တို့ဆီ ရောက်လာရင် စပါးစ်ကို လူတိုင်းက လေးစားကြမှာပါ။ သူက စပါးစ် အပါအ၀င် အသင်းတိုင်းအတွက် အမှန်တကယ် ကြီးကျယ်ပြီး ကြံ့ခိုင်တဲ့ ကစား သမားပါ” လို့ စပိန်သားနည်းပြက ပြောပါတယ်။
ဒီအပတ်အတွင်းမှာ ရော်နယ်ဒင်ဟိုရဲ့ အေးဂျင်းနဲ့ ဘာကာ ဒါရိုက်တာ တီစီကီတို့ဟာ အ ပြောင်းအရွေ့ ကိစ္စကို ဆွေးနွေးဖို့ တွေ့ဆုံခဲ့ ပါတယ်။
စပါးစ်နည်းပြက အသင်းရဲ့ လက်ရှိရလဒ်တွေကို ထိန်းထားနိုင်ဖို့နဲ့ ဘာဘာတော့ပ်ကို အသင်း မပြောင်းအောင် ဆွဲဆောင်နိုင်ဖို့အတွက် ရော်နယ်ဒင်ဟိုကို အသဲအသန် ခေါ်ယူ လိုနေပါ တယ်။
သူက “အခု ရလဒ်ကောင်းတွေက လူတွေကို ကျနော်တို့ရဲ့ နည်းလမ်းတွေကို ယုံကြည် လာအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ကျနော်တို့ လမ်းကြောင်းမှန်ပေါ်ကို လျှောက်နေပြီ ဆိုတာကို သက်သေပြ နိုင်ခဲ့ပါပြီ်” လို့ ထပ်ပြောပါတယ်။
|

တော့တင်ဟမ်က မျက်စိကျနေတဲ့ ရော်နယ်ဒင်ဟို
|