DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
အသင်းခေါင်းဆောင် လက်ပတ်ကို အရပြန်ယူနိုင်ဖို့ ဂျွန်တယ်ရီ စိတ်ပိုင်းဖြတ်ထား
စကိုင်းစပေါ့ - မတ်လ ၂၉၊ ၂၀၀၈

အင်္ဂလန်အသင်းခေါင်းဆောင် လက်ပတ်ကို ပြန်လည်ရယူနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားသွားဖို့ ဂျွန်တယ်ရီက စိတ်ပိုင်းဖြတ် ထားပါတယ်။

ချဲလ်ဆီးနောက်ခံလူဟာ နည်းပြဟောင်း မက်ကလာရင်ရဲ့ လက်ထက်တုန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန် ပေးအပ်ခြင်း ခံရပေမယ့် နည်းပြသစ် ကာပယ်လို လက်ထက်မှာ အသင်းခေါင်းဆောင် ဆက်ဖြစ်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။

အီတလီသားနည်းပြက လောလောဆယ်အနေနဲ့ အင်္ဂလန်အတွက် အလှည့်ကျ အသင်းခေါင်းဆောင်စနစ်ကို လာ မယ့် စက်တင်ဘာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မတိုင်မီအထိ စမ်းသပ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

အသက် (၂၇)နှစ်အရွယ် နောက်ခံလူက “အသင်းခေါင်းဆောင် လက်ပတ်ကို ဆက်ပြီး ၀တ်ခွင့်ရ ချင်ပါတယ်။ အဲဒီအတွက် ကျနော် စိတ်အရမ်း ပြင်းပြပါတယ်။ အောင်မြင်တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်ချင်ပါတယ်” လို့ ပြောပါတယ်။

“နည်းပြသစ်က ကျနော့်အကြောင်းကို တွေးလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ပွဲတွေနဲ့ လေ့ကျင့်ရေး ကွင်းတွေမှာ ကျနော် အစွမ်းကုန် ကြိုးစားသွားမှာပါ”

၎င်းက ဆက်လက်ပြီး “ကျနော့်အနေနဲ့ စိတ်ရှည်ဖို့တော့ လိုပါလိမ့်မယ်။ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ” လို့ ပြောပါတယ်။


လေ့ကျင့်ရေးကွင်း ဂျွန်တယ်ရီ