DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
နည်းပြသစ် လက်ထက်မှာ အင်္ဂလန်ရဲ့ ခြေစွမ်း အများတိုးတက်လာကြောင်း ပြင်သစ်နောက်ခံလူ ဂါးလက်စ် ပြော
စကိုင်းစပေါ့ - မတ်လ ၂၇၊ ၂၀၀၈

အင်္ဂလန်အသင်းကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ကာပယ်လိုရဲ့ အသင်း ခြေစွမ်းအပေါ်မှာတော့ အထင်ကြီး လေးစားပါကြောင်း ပြင်သစ်နောက်ခံလူ ၀ီလျံဂါးလက်စ်က ပြောပါတယ်။

ပထမပိုင်း (၃၂)မိနစ်မှာရတဲ့ ပင်နယ်တီကို ရီဘာရီက ကန်သွင်းပြီး ကာပယ်လိုရဲ့ ဒုတိမြောက် ခြေစမ်းပွဲကို တစ်ဂိုးဂိုးမရှိနဲ့ ပြင်သစ်က အနိုင်ရ သွားပါတယ်။

အနိုင်ရပေမယ့်လည်း အီတလီသားနည်းပြရဲ့ လက်အောက်မှာ အင်္ဂလန်ရဲ့ ခြေစွမ်း အများကြီး တိုးတက် လာတယ်လို့ ဂါးလက်စ်က ယုံကြည်နေပါတယ်။

ဂါးလက်စ်က “ချဲလ်ဆီးအသင်းခေါင်းဆောင်က အင်္ဂလန်ကို အနိုင်ယူရတာ မလွယ်ပါဘူး။ သူတို့ အရမ်းတောင့်တင်းပြီး ကျစ် လစ်ပါတယ်။ ကျနော့်အတွက်တော့ အင်္ဂလန် ပြန်လာပါပြီ” လို့်ပြောပါတယ်။

ပြင်သစ်နည်းပြ ရေမွန် ဒိုမီနစ်ခ်ျက ယူရို ၂၀၀၈ အကြိုခြေစမ်းပွဲမှာ အင်္ဂလန်လို ထိပ်တန်းအသင်းတစ်သင်းကို အနိုင်ရတဲ့ အပေါ်မှာ ကျေနပ် နေပါတယ်။


အင်္ဂလန်က ဂျိုးကိုးလ် ထိုးဖောက်လာတာကို ဂါးလက်စ် ဟန့်တားနေစဉ်