ဒေးဗစ်ဘက်ဟမ်းရဲ့ လက်ရှိခြေစွမ်းက ပွဲ (၁၀၀)ကျော် ကစားနိုင်ဖို့အတွက် အကောင်းဆုံး အနေအထားမှာ ရှိနေသေးကြောင်း တိုက်စစ်မှူး မိုက်ကယ်အိုဝင်က အခိုင်အမာ ပြောပါတယ်။
ပြင်သစ်ကို တစ်ဂိုးဂိုးမရှိနဲ့ ရှုံးတဲ့ပွဲမှာ ဘက်ဟမ်းဟာ ပွဲအစကနေ ဒုတိယပိုင်း (၆၃)မိနစ်လောက်အထိ ပါဝင် ကစားခွင့် ရခဲ့ပါတယ်။
“ဒေးဗစ်အနေနဲ့ အင်္ဂလန်အတွက် ဆက်ပြီး ကစားနိုင်အုံးမယ်လို့ ကျနော် ထင်ပါတယ်။ သူ့ရဲ့ ခြေစွမ်းက အခု အချိန်အထိ ကောင်းနေတုန်းပါ” လို့ အိုဝင်က ပြောပါတယ်။
“အင်္ဂလန်အတွက် ကစားပေးဖို့လည်း သူ့အနေနဲ့ စိတ်အာသီသ ပြင်းထန်နေတုန်းပါပဲ။ ဒီပွဲမှာ သူ့ရဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့လို့ နောက်ထပ် ပွဲတွေ အများကြီး ကစားခွင့် ရပါလိမ့်မယ် ”
“ဒုတိယပိုင်းကျမှ ကစားခွင့်ရတဲ့ တိုက်စစ်မှူး အိုဝင်က သူက ကြံ့ခိုင်မှုလည်း ပြည့်ပါတယ်။ သူ့ရဲ့ ညာခြေက အခုအချိန်အထိ ဘောလုံး ကစားဖို့ ဆာလောင်နေတုန်းပါ။ အရင်တုန်းက ခြေအတိုင်း ဘာမှ မပြောင်းလဲပါဘူး”
မနေ့ညကပွဲဟာ နယူးကာဆယ်တိုက်စစ်မှူးအတွက် လက်ရွေးစင်ပွဲ (၈၈)ပွဲ ပြည့်တဲ့ပွဲ ဖြစ်သလို နည်းပြသစ် ကာပယ်လိုလက်ထက်မှာ ပထမဆုံး ကစားခွင့်ရတဲ့ပွဲလည်း ဖြစ်ပါတယ်။
|

လေ့ကျင့်ရေးကွင်းက မိုက်ကယ်အိုဝင်
|