နည်းပြသက်တမ်းအတွင်း ပထမအဆုံးအကြိမ်အဖြစ် ပြင်သစ်နဲ့ ခြေစမ်းပွဲမှာ ရှုံးနိမ့်သွားပေမယ့် ဖာဘီယို ကာပယ်လို ကိုယ်တိုင်ကတော့ လုံးဝပျော်ရွှင်ကြောင်း ကြေညာလိုက် ပါတယ်။
အင်္ဂလန်ဟာ မနေ့ညက ပဲရစ်မှာ ကစားတဲ့ ပြင်သစ်နဲ့ ချစ်ကြည်ရေးပွဲမှာ ရီဘာရီ ကန်သွင်းတဲ့ ပင်နယ်တီနဲ့ တစ် ဂိုးဂိုး မရှိနဲ့ ရှုံးသွားပါတယ်။
အဲဒီပွဲမှာ အင်္ဂလန်အသင်းဟာ ဂိုးသွင်းနိုင်ခွင့် အခွင့်အရေး နည်းနည်းပါးပါးပဲ ဖန်တီးနိုင် ခဲ့ပါတယ်။
ကာပယ်လိုက “ ဒီပွဲမှာ အရေးကြီးတဲ့ တိုးတက်မှုတချို့ကို ကျနော် တွေ့ခဲ့ရပါတယ်။ ကျနော်တို့ အဆင့်မြင့်မြင့်နဲ့ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ” လို့ ပြောပါတယ်။
“ ဆန့်ကျင်ဖက်အသင်းကို သူတို့စိတ်ကြိုက် ကစားခွင့်မရအောင် ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ ကျနော်တို့ အကောင်းဆုံး ကစားနိုင် ခဲ့ပါတယ် ”
နည်းပြက အဲဒီခြေစမ်းပွဲမှာ ကစားသမား (၆)ယောက်အထိ လူစားလဲပြီး စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။
“ဒေးဗစ်ဘက်ဟမ်းဟာ ပွဲအစကနေ ဒုတိယပိုင်း (၆၃)မိနစ်လောက်အထိ ကစားခွင့်ရပြီးမှ ဘန်တလေနဲ့ လူစား လဲခံရလို့ လက်ရွေးစင်ပွဲ (၁၀၀)ပြည့်သွား ခဲ့ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ စတဲ့အချိန်မှာ အသင်းကို ဘယ်လူပုံစံနဲ့ လူထုတ်ရမလဲ ဆိုတာ ရှင်းရှင်း လင်းလင်း သိဖို့ ကစားသမားတွေအားလုံးကို စမ်းသပ်ပြီး သုံးဖို့ လိုပါတယ်။”
အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအရွေးချယ် ခံရတဲ့ ရီယို ဖာဒီနန်ကတော့ အသင်းရဲ့ ကစားပုံအပေါ်မှာ ကျေနပ်မှု ရှိပေမယ့် ရှုံးတဲ့အပေါ်မှာတော့ စိတ်ပျက်မိကြောင်း ၀န်ခံပါတယ်။
|

အချိန်ပိုင်းဝင် ကစားခွင့်ရတဲ့ ဘက်ဟမ်းနဲ့ နည်းပြ ကာပယ်လို
|