DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
လက်ကျန် (၇)ပွဲလုံးနိုင်ရင် ချန်ပီယံဖြစ်နိုင်သေးတယ်လို့ ဂျီဘာတို ဆေးဗား ပြော
အေအက်ဖ်ပီ - မတ်လ ၂၆၊ ၂၀၀၈

အာစင်နယ်ကွင်းလယ်လူ ဂျီဘာတို ဆေးဗာက လက်ကျန် (၇)ပွဲစလုံး အနိုင်ရမှ ပရီးမီးယားရှစ် ချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့ အခွင့်အရေး ရှိမှာဖြစ်ကြောင်း ၀န်ခံပါတယ်။

နည်းပြ အာစင်ဝင်းဂါးရဲ့ အသင်းအနေနဲ့ တနင်္ဂနွေနေ့ကပွဲမှာ ချဲလ်ဆီးကို ရှုံးပြီး မန်ယူနဲ့ (၆)မှတ် ကွာသွားလို့ နောက်ပွဲတွေမှာ ခြေချော်လက်ချော် မဖြစ်ဖို့ လိုတာတယ်လို့ ဂျီဘာတိုက နားလည် ထားပါတယ်။

ဂမ်းနားစ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားရှစ် (၈)ပွဲမှာ တစ်ပွဲပဲ အနိုင်ရခဲ့လို့ အခုအခါမှာ အမှတ်ပေးဇယားရဲ့ တတိယနေရာကို ဆင်းပေးလိုက်ရပြီ ဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ အပတ်တွေတုန်းက ကျနော်တို့က (၅)မှတ်ပြတ်နဲ့ ဇယားထိပ်မှာ ဦးဆောင်နိုင် ခဲ့ပါတယ်။ အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ လက်ကျန်ပွဲ (၇)ပွဲပဲ ကျန်တဲ့ အချိန်မှာ ဒီအ ခြေအနေက ကျနော်တို့အတွက် စိတ်မသက်သာစရာပါပဲ” လို့ ဘရာဇီးကွင်းလယ်လူက ပြောပါတယ်။

“မန်ယူနဲ့ အဝေးကွင်းမှာ ကစားဖို့ ကျန်နေသေးလို့ ကျနော်တို့မှာ အခွင့်အရေး ဆက်ရှိနေ ပါသေးတယ်။ အရေးကြီးတာက ပွဲတွေ အကုန်လုံး အနိုင်ရဖို့ပါ။ လက်ကျန် (၇)ပွဲမှာ တစ်ပွဲမှ မရှုံးဖို့ လိုပါတယ်”

အာစင်နယ် ကစားသမားတော်တော်များများက ဘာမင်ဂမ်နဲ့ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေကျတဲ့ ပွဲမှာ အသင်းခေါင်းဆောင် ဂါးလက်စ်ရဲ့ လူငယ်တိုက်စစ်မှူး ၀ါးကော့လ်အပေါ် မညှာမတာ ဝေဖန်တာတွေနဲ့ ပက်သက်လို့ စိတ်ပျက်နေ ကြပါတယ်။

ဂျီဘာတိုကတော့ အာစင်နယ်ရဲ့ အ၀တ်အစားလဲခန်းမှာတော့ ဂါးလက်စ်ကို ထောက်ခံမှု ရှိနေသေးတယ်လို့ အခိုင်အမာ ပြောပါတယ်။

အသက် (၃၁)နှစ်အရွယ် ဂျီဘာတိုက “တခါတလေ အလုပ်မဖြစ်တဲ့ အခါမျိုးမှာ လူတချို့က ပြဿနာတွေ ဖန်တီးတတ်ပါတယ်။ သေချာတာ တစ်ခုကတော့ ကျနော်တို့ အ၀တ်အစား လဲခန်းမှာ ဘာပြဿနာမှ မရှိပါဘူး။ အခုအချိန်အထိ ကစားသမားတွေ အားလုံးကြားက ရင်းနှီးမှုတွေက အရင်အတိုင်းပါပဲ” လို့ ထပ်ပြောပါတယ်။

သူက “ကျနော့်အနာဂတ်ကတော့ ဘာတွေ ဖြစ်လာမလဲဆိုတာကို ရာသီကုန်အထိ စောင့် ကြည့်ရမှာပါ။ အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ လေ့ကျင့်ရေးကွင်းမှာ ကျနော် အပြင်းအထန် ကြိုး စားနေပါတယ်။ မျှော်လင့်ချက်ကိုတော့ စွန့်လွှတ်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။


အာစင်နယ်မှာ ပုံမှန်ကစားခွင့်ရဖို့ တိုက်ပွဲဝင်နေတဲ့ ဂျီဘာတို ဆေးဗား