DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
အကောင်းဆုံး ပုံစံပြန်ရနေတာ ဒရော့ဘာ ခြေစွမ်းက ချန်ပီယံဖြစ်ဖို့ လုံးပန်းနေတဲ့ ချဲလ်ဆီး အတွက် အချိန်ကိုက်ဖြစ်
သည်ဆန်း - မတ်လ ၂၆၊ ၂၀၀၈

အကောင်းဆုံး ခြေစွမ်းကို ပြန်ရနေတဲ့ ဒရော့ဘာက ချဲလ်ဆီးကို ပရီးမီးယားရှစ် ချန်ပီယံဖြစ်ရေးအတွက် စိန်ခေါ်မှုတွေကို အချိန်မီ ကူညီသွားနိုင်လိမ့်မယ်လို့ ဖရန့် လမ်းပတ်က ပြောပါ တယ်။

တိုက်စစ်မှူး ဒရော့ဘာဟာ အာစင်နယ်ကို အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုး (၂)ဂိုးစလုံးကို ကိုယ်တိုင် တစ်ယောက်တည်း သွင်းယူခဲ့လို့ ထိပ်ဆုံးက မန်ယူကို စိန်ခေါ်နိုင်တဲ့ အနေအထားကို ရောက် ရှိ လာပါတယ်။

လမ်းပတ်က “အာစင်နယ်နဲ့ပွဲမှာ ဒရော့ဘာရဲ့ အနေအထားက ပြောစရာမရှိအောင် အကောင်း ဆုံး ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

“ကမ္ဘာပေါ်မှာ မဟုတ်ရင်တောင် ပရီးမီးယားရှစ်မှာ အကောင်းဆုံး ဗဟိုခံစစ်မှူးနှစ်ယောက်က သူ့ကို အသေကပ်တာတောင် မနိုင်ပါဘူး။ သူက အာစင်နယ် နောက်ခံလူတွေအတွက် ထိတ် လန့်စရာပါပဲ”

အင်္ဂလန်ကွင်းလယ်လူက “ဒီလို ခြေစွမ်းမျိုး သူ ပြန်ရနေရင် ဂိုးတွေ အများကြီး သွင်းပါလိမ့် မယ်။ ဘယ်သူတွေ ဘာပြော ပြော ကျနော့်အတွက်တော့ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားပါ” လို့ ထပ်ပြောပါတယ်။

ချဲလ်ဆီးဟာ လောလောဆယ် မန်ယူနိုက်တက်ရဲ့ နောက်မှာ (၅)မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။


ခြေစွမ်းပြန်တက်နေတဲ့ ဒရော့ဘာ