မန်ချက်စတာ စီးတီးအသင်းက ဘာစီလိုနာရဲ့ လူငယ်ကစားသမား ဂျီအိုဗန်နီ ဒို့စ်ဆန်းတို့စ်ကို ခေါ်ယူနိုင်ဖို့ မျက်စပစ် နေပါတယ်။
အသက် (၁၈)နှစ်အရွယ် မက္ကဆီကန် လက်ရွေးစင်ဟာ စပိန်ထိပ်သီး ဘာစီလိုနာမှာ ပုံမှန် ကစားခွင့်ရပြီးနောက် ချဲလ်ဆီးအသင်းကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဘာကာက အခုနောက်ပိုင်းမှာ လူငယ်စတား ဘိုဂျန်ကာကစ်ကို ပိုပြီး နေရာပေးလာတာ ကြောင့် ဂျီအိုဗန်နီ အတွက် အကန့်အသတ်တွေ ရှိလာပါတယ်။
ဂျီအိုဗန်နီရဲ့ အဖေဖြစ်သူ ဇီဇင်ဟိုရဲ့ ပြောဆိုချက်အရ အဲရစ်ဆင်အနေနဲ့ သူ့သားကို မန်စီး တီးအသင်းဆီ ခေါ်ယူနိုင်ဖို့ သွေးဆောင်သွားဖွယ် ရှိနေပါတယ်။
ဇီဇင်ဟိုက “မန်ချက်စတာစီးတီးက ကျနော့်သားကို စိတ်ဝင်စား နေပါတယ်။ ဒါပေမယ့် အခု အချိန်မှာ ကျနော်က ဒီထက်ပိုပြီး ပြောလို့ မရပါဘူး။ ဒီကိစ္စတွေအားလုံးကို အေးဂျင့်ကပဲ လုပ်ပါလိမ့်မယ်” လို့ ပြောပါတယ်။
“ဂျီအန်ဗန်နီ တခြားအသင်းကို သွားလိမ့်မယ်လို့ ကျနော့်အနေနဲ့ သေချာပေါက် မပြော နိုင်ပါ ဘူး။ လာလီဂါမှာ လက်ကျန်ပွဲတွေကန်ဖို့ ရှိပါသေးတယ်။ သူ့အနေနဲ့ လောလောဆယ် ဘာ ကာအတွက်ပဲ တွေးနေမှာပါ”
၎င်းက ဆက်လက်ပြီး “ကျနော်တို့ ကိုယ်တိုင်က နောက်တဆင့်အတွက် မကြိုးစားချင်ပါဘူး။ စိတ်ဝင်စားမှုတွေ ရှိနေတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် သူ့အနေနဲ့ ပထမဆုံးလုပ်ရမှာက ဘာကာအတွက် အာရုံစိုက်ဖို့ပါ” လို့ ပြောပါတယ်။
ဆယ်ကျော်သက် ကွင်းလယ်တိုက်စစ်မှူးဟာ ဒီနှစ်ရာသီအတွင်းမှာ ဘာကာအတွက် ပွဲပေါင်း (၂၀)နဲ့ (၁)ဂိုးသွင်းပေးထားပြီး မက္ကဆီလက်ရွေးစင်အသင်းနဲ့ (၅)ပွဲ ကစားခွင့် ရထားပါတယ်။
|

မက္ကဆီကန် ဆယ်ကျော်သက် ဂျီအိုဗန်နီ
|