DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာလိမ့်မယ်လို့ ဖာဘရီဂတ်စ်ကို ကာကာ တစ်ပေး
အေဂျင်စီသတင်းများ - မတ်လ ၂၅၊ ၂၀၀၈

ဖာဘရီဂတ်စ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာဖို့အတွက် ငုတ်လျှိုးနေတဲ့ စွမ်းရည် တွေရှိတယ်လို့ မီလန်ရဲ့ ဘရာဇီးစတား ကာကာက ယုံကြည် နေပါတယ်။

မီလန်ကို မနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် အဓိက ဦးဆောင်မှု ပေးနိုင်ခဲ့တဲ့ ကာကာက အာစင်နယ်စတား ဖာဘရီဂတ်စ်ဟာ သိပ်မကြာခင် ကာလတွေအတွင်းမှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုအတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့ မျှော်လင့် နေပါတယ်။

စပိန်လက်ရွေးစင် ဖာဘရီဂတ်စ်ဟာ ဒီနှစ်ရာသီအတွင်းမှာ အာစင်နယ်ရဲ့ ကွင်းလယ်ကို အဓိ က မောင်းနှင်တဲ့ ကစားသမားအဖြစ် ရပ်တည် နေပါတယ်။

ကာကာက “သူက အနာဂတ်မှာ ကြီးကျယ်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာပါ။ သူ့ရဲ့ အစွမ်းအစတွေက အံ့သြစရာ ကောင်းပါတယ်။ သူက ဘောလုံးကို ဘယ်လို ထိန်းချုပ် ကစားရမလဲ ဆိုတာ နဲ့ တခြားသူတွေ ဘယ်လို ကစားမယ်ဆိုတာကို ကောင်းကောင်း သိပါ တယ်” လို့ ချီးကျုး ပါတယ်။

“သူက အမြဲတမ်း ရွေ့လျားနေတဲ့ ကစားသမားပါ။ သူက ရှေးတုန်းပုံစံနဲ့ ခေတ်သတ် ဘော လုံးသမားတစ်ယောက်ပါ။ တကွင်းလုံးမှာ ဖြစ်ပျက်နေတာတွေအတွက် စိတ်ဝင်စားမှု ရှိပါ တယ်”

ဘရာဇီးကွင်းလယ်လူက “ဒါက ကျနော်တို့ဆီက ပီရာလိုနဲ့ တော်တော် တူပါတယ်” လို့ ထပ်ပြောပါတယ်။


ချန်ပီယံလိဂ်ပွဲတုန်းက ဖာဘရီဂတ်စ်နဲ့ ကာကာတို့ ကွင်းလယ်မှာ ထိပ်တိုက် ဆုံနေစဉ်