DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ပရီးမီးယားရှစ် ချန်ပီယံဖြစ်ရေးအတွက် စိတ်မလျော့ကြဖို့ အာစင်နယ် အသင်းဖော်တွေကို ဖလာမီနီ တိုက်တွန်း
အေဂျင်စီသတင်းများ - မတ်လ ၂၅၊ ၂၀၀၈

မက်သယူး ဖလာမီနီက အာစင်နယ်အနေနဲ့ ဒီရာသီရဲ့ နောက်ဆုံးပွဲစဉ်အထိ ပရီးမီးယားရှစ် ချန်ပီယံဖြစ်ရေးအတွက် ဆက်လက် ရင်ဆိုင် တိုက်ပွဲဝင်သွားမယ်လို့ အခိုင်အမာ ပြောပါတယ်။

အာစင်နယ်ဟာ တနင်္ဂနွေနေ့က ချဲလ်ဆီးကို (၂ - ၁)နဲ့ ရှုံးသွားလို့ အခုအခါမှာ ဇယားထိပ်က မန်ယူနဲ့ (၆)မှတ် ကွာသွားပြီ ဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်လူက လက်ကျန်ပွဲ (၇)ပွဲစလုံး အနိုင်ရအောင် ကြိုးစားသွားနိုင်ရင် မန်ယူကို အမှီလိုက်နိုင်လိမ့်မယ်လို့ အသင်းဖော်တွေကို တိုက်တွန်း ပြောဆိုပါတယ်။

“ဘောလုံးမှာက ခန့်မှန်းရ ခက်ပါတယ်။ ဒါပေမယ့် ဘောလုံးကစားတဲ့ အခါမှာ ယုံကြည်မှုတော့ ရှိဖို့ လိုပါတယ်။ ဒါကြောင့် နောက်ဆုံး ပွဲစဉ်မတိုင်မီအထိ ကျနော်တို့ ယုံကြည်ချက် ထားသွား မှာပါ” လို့ ဖလာမီနီက ပြောပါတယ်။

“ကျနော်တို့ရဲ့ လက်ရှိ အရှိန်ကို ဆက်ထိန်းပြီး နောက်ပွဲတွေမှာ ဆက်တိုက် အနိုင်ရဖို့ လေ့ ကျင့်ရေးကွင်းမှာ ကြိုးစားသွားဖို့ လိုပါတယ်။ ကျနော်တို့က အစွမ်းအစရှိတဲ့ အသင်းတစ်သင်းပါ”

ဖလာမီနီရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ လာမယ့် နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပြီး အသင်း ပြောင်းတော့မယ်ဆိုတဲ့ မှန်းဆချက်တွေ ရှိနေပေမယ့် ကာယကံရှင်ကတော့ အီးမာရိတ်ကနေ ဘယ်မှမသွားဘူးလို့ ပရိတ်သတ်တွေကို ဂတိပေး ထားပါတယ်။

သူက “ကျနော် အရင်တုန်းက ပြောခဲ့သလိုပဲ။ အာစင်နယ်မှာ နေရတာ အရမ်း ပျော်ပါတယ်။ ကျနော့် အေးဂျင့်က အသင်းနဲ့ စာချုပ်သစ်အတွက် စကားပြောဆို နေပါတယ်” လို့ ထပ်ပြော ပါတယ်။


ဝီဂန်ကစားသမာ (၀ဲ)နဲ့ ခေါင်းလုတိုက်နေတဲ့ ဖလာမီနီ (ယာ)