DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
အထုတ်ခံရတဲ့ မာရှေယာနိုဖက်က နည်းပြ ဘင်နီတတ်ဇ် အပြည့်အ၀ ရပ်တည်ပေး
ဘီဘီစီ - မတ်လ ၂၄၊ ၂၀၀၈

မန်ယူကို ရှုံးတဲ့ပွဲမှာ အထုတ်ခံရတဲ့ ကွင်းလယ်လူ မာရှေယာနိုဖက်မှာ အပြည့်အ၀ရှိကြောင်း လီဗာပူးနည်းပြ ဘင်နီတတ်ဇ်က ပြောပါတယ်။

အာဂျင်တီးနားသားဟာ ကွင်းလယ်ဒိုင် စတိ ဘန်နပ်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း ပြသခဲ့လို့ နှစ်ဝါတစ်နီနဲ့ အထုတ်ခံ ရပါတယ်။

ဘင်နီတတ်ဇ်က “ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မာရှေယာနို တော်တော် အံ့အားသင့် နေပါတယ်။ သူ ပြောတာက သူလည်း ဘာမှ အမှား မလုပ်ခဲ့ပါဘူးတဲ့” လို့ ပြောပါတယ်။

“ရိုင်ယန် ဘာဘယ်လည်း မာရှေယာနို ပြောတာတွေကို အကုန်လုံး ကြားခဲ့ပါတယ်။ အဲဒီမှာ မာရှေယာနို ပြောတာက တော်ရက်စ်ကို ဘာလို့ အ၀ါကဒ် ပြတာလည်းလို့ မေးရုံပဲ မေးတာပါ”

လီဗာပူးနည်းပြက အနီကဒ်နဲ့ အထုတ်ခံလိုက်ရလို့ မာရှေယာနိုဟာ မခံမရပ်နိုင်အောင် ဖြစ်နေတယ်လို့ ၀န်ခံ သွားပါတယ်။

“သူ အထုတ်ခံလိုက်ရတော့ ပွဲက ပြီးသွားပါပြီ”

အန်းဖီးလ်ကလပ်ဟာ တစ်ယောက် အထုတ်မခံရခင်ကတည်းက မန်ယူက ၀က်စ်ဘရောင်းရဲ့ ဦးဆောင်ဂိုး သွင်းတာကို ခံထား ရပါတယ်။

မန်ယူနည်းပြ ဖာဂူဆန်ကတော့ မာရှေယာနိုဟာ ကွင်းလယ်ဒိုင် ဘန်နပ်ရဲ့ ဆုံးဖြတ်ချက် တွေကို မလိုက်လျောဘဲ စိတ်အနှောင့်အယှက် ခဏခဏပေးတဲ့ ဒဏ်တွေကို ခံစား သွားရ တယ်လို့ ထင်မြင်ချက် ပေးပါတယ်။

တိုက်စစ်မှူး ရွန်နီက “လီဗာပူးကို အနိုင်ယူရတာ အမြဲတမ်း ချိန်မြိန်ပါတယ်။ အနိုင်ရလို့ ၀မ်းသာပါတယ်။ တစ်ယောက်အထုတ် ခံရလို့ ပွဲက ပြောင်းလဲသွားတာ မဟုတ်ပါဘူး” လို့ ပြောသွားပါတယ်။


လီဗာပူးနည်းပြ ဘင်နီတတ်ဇ်