DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
အာစင်နယ်ရဲ့ စာချုပ်သစ်ကို မျှော်ရင်း အနာဂတ်အတွက် လေးမန်း ဆုံးဖြတ်ရ ခက်နေ
သည်ဆန်း - မတ်လ ၂၄၊ ၂၀၀၈

ဂိုးသမား ဂျန်စ် လေမန်းဟာ လာမယ့် နွေရာသီမှာ အာစင်နယ်ကနေ ထွက်ခွာရမလား ဆက်ပြီး နေရမလား ဆိုတာကို ဝေခွဲမရအောင် ဖြစ်နေပါတယ်။

ဂျာမန်ဂိုးသမားဟာ ဒီနှစ်ရာသီမှာ ပုံမှန်ကစားခွင့် ဆုံးရှုံးပြီး အယ်မူနီယာနောက် ဒုတိယ ဂိုး သမားအဖြစ် ရပ်တည်နေရလို့ အချိန်တော်တော်များများကို အရန်ထိုင်ခုံပေါ်မှာပဲ အချိန်ကုန် ခဲ့ရပါတယ်။

အသက် (၃၈)နှစ်အရွယ် လေမန်းက အာစင်နယ်က စာချုပ်သစ်နဲ့ မကမ်းလှမ်းရင် နွေရာသီမှာ အသင်းပြောင်းမယ်လို့ အရိပ်အမြွက် ပြောဆိုထား ပါတယ်။

လေမန်းက “လာမယ့် နွေရာသီပြီးရင် ဘာဆက်လုပ်ရမယ် ဆိုတာကို ကျနော် မသိပါဘူး။ ယူရို ၂၀၀၈ ပြိုင်ပွဲမှာ ကျနော် ကစားချင်ပါတယ်။ ဒါက စာချုပ်သစ် ချုပ်နိုင်မယ့် အနေအထားပေါ် မူတည် နေပါတယ်” လို့ ပြောပါတယ်။

“တကယ်လို့ စာချုပ်ဖြစ်ရင် နောက်ထပ် (၂)နှစ်လောက် ကျနော် ကစားနိုင်အုံးမှာပါ။ တ ကယ်လို့ မဟုတ်ရင် ကျနော် အနားယူ ဖြစ်နိုင်ပါတယ်”

“အရန်ထိုင်ခုံပေါ်မှာ နေရတာ တော်တော် အနေခက်ပါတယ်။ အထူးသဖြင့် ကွင်းထဲမှာ ကစား နေရတာတွေကို မြင်နေတဲ့ အခါမှာပေါ့။ တခါတလေတော့ ဒါကို လက်ခံ နိုင်ပါတယ်”

လေမန်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီတုန်းက ဂျာမန်ကလပ် ဘိုရှော့ရှား ဒေါ့မန်ကို ပြောင်းရွေ့ဖို့ အတွက် နီးစပ်ခဲ့ပေမယ့် ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ပရော်ဖက်ရှင်နယ် ပီသချင်တာတွေ ကြောင့် အသင်းပြောင်းဖို့ ငြင်းဆန် ခဲ့ပါတယ်။

“ကျနော် ဒေါ့မန်ကို ပြောင်းဖို့ တော်တော် နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်း တွေကြောင့် ဒီမှာပဲ ဆက်နေဖြစ် ခဲ့ပါတယ်”

၎င်းက ဆက်လက်ပြီး “ကျနော့် ကလေးတွေ ဒီမှာ ကျောင်းတက်နေတဲ့ အခြေအနေတွေ ကြောင့်လည်း ပါပါတယ်။ နောက်ပြီး ပုံမှန် ပြန်ကစားခွင့် ရဖို့ မျှော်လင့်ချက်လည်း ကျနော်မှာ ရှိပါတယ်” လို့ ပြောပါတယ်။


အရန်ထိုင်ခုံပေါ်က ဂိုးသမား လေမန်း