အမှတ်ပေး ဇယားထိပ်မှာ မန်ယူက (၅)မှတ်ပြတ်နဲ့ ဦးဆောင်နိုင်နေပေမယ့် ပရီးမီးယားရှစ် ချန်ပီယံဖြစ်နိုင်ဖို့ အတွက်တော့ (၃)သင်းစလုံးမှာ အသက်ရှိနေသေးတယ်လို့ ဖာဂူဆန်က ယုံကြည်နေပါတယ်။
ယူနိုက်တက်ဟာ မနေ့ညကပွဲမှာ လီဗာပူးကို (၃)ဂိုးပြတ်နဲ့ အနိုင်ရပြီး အာစင်နယ်က ချဲလ် ဆီးကို (၂ - ၁)နဲ့ ရှုံးသွားလို့ တတိယနေရာကို ဆင်းပေးလိုက် ရပါတယ်။
မန်ယူက (၇၃)မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး ချဲလ်ဆီး (၆၈)မှတ်နဲ့ ဒုတိယ၊ အာစင်နယ်က (၆၇)မှတ်နဲ့ တတိယ၊ လီဗာပူးက (၅၉)နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။
“ပရီးမီးယားရှစ် ချန်ပီယံပြိုင်ပွဲက ရာသီကုန်မှာပဲ အဖြေပေါ်မယ့် သဘောမှာ ရှိပါတယ်။ အ ကြောင်းကတော့ ချဲလ်ဆီးရော အာစင်နယ်ရော အကောင်းဆုံး ကစားနိုင် နေပါတယ်” လို့ ဖာဂူဆန်က ပြောပါတယ်။
ချဲလ်ဆီးနည်းပြ အေဘရန် ဂရန့်က “ကျနော်တို့ နောက်ကနေ ထပ်ကြပ်မကွာ လိုက်နေ ပါ တယ်။ အခုဆိုရင် မန်ယူနဲ့ တဖြည်းဖြည်း နီးလာပါပြီ” လို့ ပြောပါတယ်။
အိုးထရက်ဖို့ဒ်အသင်းဟာ ဧပြီ (၂၆)ရက်နေ့မှာ စတန်းဖို့ဘရစ်ခ်ျကို သွားပြီး ချဲလ်ဆီးနဲ့ ပွဲကြပ် ကစားရမှာဖြစ်ပြီး အဲဒီပွဲက ချန်ပီယံဖြစ်ရေးအတွက် အဆုံးအဖြတ် ပေးနိုင်ဖွယ် ရှိပါတယ်။
နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားရှစ် (၄)ပွဲမှာ သရေဆက်တိုက် ကျထားတဲ့ အာစင်နယ် က ချဲလ်ဆီးကို အရှုံးပေးလိုက်ရလို့ ဒုတိယနေရာက ဆင်းပေး လိုက်ရပါတယ်။
ဖာဂူဆန်က “လီဗာပူးနဲ့ပွဲမှာ ကျနော်တို့အသင်း ကစားတာ တော်တော် ကောင်းပါတယ်။ က စားတဲ့ ပုံစံက ရင့်ကျက်တဲ့ ပုံစံမျိုး ဖြစ်နေပါတယ်” လို့ ချီးကျုးပါတယ်။
“လွန်ခဲ့တဲ့ (၆)လကတည်းက အသင်းရဲ့ ရင့်ကျက်မှုတွေကို တွေ့ပြီးသားပါ။ ဒီနေ့ကတော့ သူတို့ရဲ့ အမြင့်ဆုံး စွမ်းရည်ကို ပြသသွား နိုင်ခဲ့ပါတယ်”
အာစင်နယ်ကို အနိုင်ရတဲ့ပွဲမှာ သူရဲကောင်း ဖြစ်သွားတဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဒရော့ဘာက “ဒီပွဲနိုင်လို့ ချန်ပီယံဖြစ်ရေးအတွက် မန်ယူကို စိန်ခေါ်နိုင်တဲ့ ယုံကြည်ချက်တွေ ပိုပြီး ခိုင်မာ လာပါတယ်။ ဒီလိုပြောတာက အာစင်နယ်က ချန်ပီယံ မဖြစ်တော့ဘူးလို့ ပြောတာ မဟုတ် ပါဘူး။ ကျနော်တို့ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
|

ဒုတိယဂိုး သွင်းအပြီး အောင်ပွဲခံနေတဲ့ ရော်နယ်ဒို
|