DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
ပွဲထွက် လူစာရင်းမှာ မိုက်ကယ်အိုဝင် ပါဝင်ခွင့်ရဖို့ မသေချာတဲ့ အနေအထားမှာရှိ
ဘီဘီစီ - မတ်လ ၂၆၊ ၂၀၀၈

အင်္ဂလန်နည်းပြ ဖာဘီယို ကာပယ်လိုက ဒီည ပြင်သစ်နဲ့ ခြေစမ်းမယ့်ပွဲရဲ့ ပွဲထွက်လူစာရင်းမှာ မိုက်ကယ်အိုဝင်ကို ရွေးဖို့ မသေချာတဲ့အကြောင်း ငြင်းဆိုသွားပါတယ်။

အသက် (၂၈)နှစ်အရွယ် တိုက်စစ်မှူးဟာ ကာပယ်လိုရဲ့ ပွဲဦးထွက် ဆွစ်ဇာလန်နဲ့ ခြေစမ်း ပွဲ တုန်းက ကစားခွင့် မရဘဲ အရန်ထိုင်ခုံပေါ်မှာပဲ နေခဲ့ ရပါတယ်။

“ကစားသမားတိုင်းက အရေးကြီးတဲ့ ကစားသမားတွေချည်းပါပဲ။ ဒါပေမယ့် ပွဲအမျိုးအစားပေါ် မူတည်ပြီး ဘယ်သူက အကောင်းဆုံး ဖြစ်မယ်ဆိုတာကို ရွေးရမှာပါ” လို့ ကာပယ်လိုက ထုတ် ဖော်ပါတယ်။

“အခုအချိန်မှာ အသင်းကို ကျနော် ဘယ်လိုကိုင်တွယ် နိုင်မလဲဆိုတာနဲ့ ဘယ်သူတွေကို ရွေး ချယ်နိုင်မလဲ ဆိုတာတွေကို သိနိုင်ဖို့ စမ်းသပ်မှုတွေ လုပ်နေပါတယ်”

အင်္ဂလန်အတွက် ဂိုးပေါင်း (၄၀) သွင်းပေးထားတဲ့ တိုက်စစ်မှူး အိုဝင်က သူ့ရဲ့ကလပ် နယူး ကာဆယ်ရဲ့ ဆိုးဝါးတဲ့ ရလဒ်တွေကြောင့် လက်ရွေးစင်အသင်းမှာ မရွေးချယ်ခံရမှာကို စိုးရိမ် ကြောင်း မကြာသေးမီက ထုတ်ဖော် ထားပါတယ်။

ဘာပဲဖြစ်ဖြစ် ကာပယ်လိုကတော့ ဒီညပွဲအတွက် အိုဝင်ကို၊ ရွန်နီ၊ ပီတာ ခရောက်ခ်ျ၊ ၀ါးကော့ လ်တို့နဲ့အတူ တိုက်စစ်ပိုင်းအတွက် ရွေးချယ် ထားပါတယ်။

ရွန်နီဟာ ဆွစ်ဇာလန်နဲ့ပွဲတုန်းက ရှေ့တန်းတိုက်စစ်မှာ တစ်ယောက်တည်း ကစားရပြီး ကွင်း လယ်မှာ (၅)ယောက်ထားတဲ့ စနစ်ကို ကျင့်သုံးသွားပါတယ်။

အီတလီသားနည်းပြက “ဒီညပွဲက ကျနော်တို့အတွက် သေချာပေါက် ကစားရခက်မယ့်ပွဲ ဖြစ်ပါ တယ်။ ပြင်သစ်က အသင်းကောင်းတစ်သင်းဖြစ်ပြီး သူတို့ဆီမှာ သွားကစား ရမှာပါ” လို့ ထပ်ပြော ပါတယ်။

၎င်းက ဆက်လက်ပြီး “ဒီပွဲက ကျနော်တို့အတွက် အကောင်းဆုံး စမ်းသပ်မှုတစ်ခုပါပဲ။ အထူး သဖြင့် ကျနော် ရွေးချယ်ထားတဲ့ အုပ်စုနဲ့ ပွဲထွက်ကောင်းမကောင်း ဆိုတာကိုပေါ့” လို့ ပြော ပါတယ်။

အင်္ဂလန် လူစာရင်း -

ဂိုး - ဒေးဗစ်ဂျိမ်းစ်(ပို့စ်မောက်)၊ ရော်ဘင်ဆင်(တော့တင်ဟမ်)၊ ရော်ဘတ် ဂရင်း (၀က်စ်ဟမ်း)

နောက်တန်း - အက်ရှ်လေကိုး (ချဲလ်ဆီး)၊ ၀ိန်းဘရစ်ခ်ျ (ချဲလ်ဆီး)၊ တယ်ရီ (ချယ်လ်ဆီး)၊ ဖာဒီနန် (မန်ယူ)၊ ၀က်စ် ဘရောင်း(မန်ယူ)၊ လက်စကော့(အဲဗာတန်)၊ ၀ုဒ်ဂိတ် တော့တင်ဟမ်)၊ အက်ပ်ဆမ် (၀က်စ်ဟမ်း)၊ ဂလင်းဂျွန်ဆင်(ပို့စ်မောက်)

အလယ်တန်း - ဘက်ခမ်း(ဂလက်ဆီ)၊ ဂျိုးကိုးလ်၊ လမ်းပတ်(ချယ်လ်ဆီး)၊ ဂျရတ် (လီဗာပူး)၊ ဟားဂရေ့ဗ် (မန်ယူ)၊ ဒေါင်းနင်း(မစ်ဒယ်ဘရော့)၊ ဘန့်တလေ (ဘလက်ဘန်း)၊ ဘာရီ (ဗီလာ)၊ ဒေါင်းနင်း (ဘိုရို)

ရှေ့တန်း - ရူနီ(မန်ယူ)၊ အိုဝင်(နယူးကာဆယ်)၊ ခရော့ခ်ျ(လီဗာပူး)၊ ၀ဲလ်ကော့ (အာဆင်နယ်)

ပြင်သစ် လူစာရင်း -

ဂိုး - ကောက်ပတ် (လီယွန်)၊ မစ်ကေး လန်ဒရေ (ပီအက်စ်ဂျီ)၊ ဟူဂို (နိုက်စ်)၊ မန်ဒန်ဒါ (မာဆေး)၊ မန်ဒန်ဒါ (မာဆေး)

နောက်တန်း - အဲရစ် အဘီဒယ် (ဘာကာ)၊ ဘွန်ဆောင်း (လီယွန်)၊ ကလစ်ချီ (အာစင်နယ်)၊ ကလပ် (လီယွန်)၊ ဒယ်ပီရီ (စတူဂတ်)၊ အက်စ်ကူဒီ (ဆာဗီလာ)၊ အီဗရာ (မန်ယူ)၊ ဂါးလက်စ် (အာစင်နယ်)၊ ဂီဗက် (မာဆေး)၊ မီဆက်စ် (ရိုးမား)၊ ရယ်မီ (လိုင်လီ)၊ ရီဗယ်လီရီ (လီယွန်)၊ စကွယ်လာစီ (လီယွန်)၊ သူရမ် (ဘာစီလိုနာ)

အလယ်တန်း - ဘော့မာ (လီယွန်)၊ ဒီရာရာ (ဘိုးဒေါ့ဖ်)၊ လာဆာနာ ဒီရာရာ (ပို့စ်မောက်)၊ ဖလာမီနီ (အာစင်နယ်)၊ မက်ခီလီလီ (ချဲလ်ဆီး)၊ မာဗျုဘာ (လိုင်လီ)၊ နက်စရီ (မာဆေး)၊ တိုလာလန် (လီယွန်)၊ ရိုသန် (ပီအက်စ်ဂျီ)၊ ဗီအဲရာ (အင်တာ

ရှေ့တန်း - အနယ်လ်ကာ (ချဲလ်ဆီး)၊ ဘန်အာဖာ (လီယွန်)၊ ထရေစီဂေး (ဂျုဗင်တပ်)၊ ဘရပ်နက် (ရီနန့်စ်)၊ ဆစ်စီ (မာဆေး)၊ မာလူဒါ (ချဲလ်ဆီး)၊ ဂိုဗူး (လီယွန်)၊ ရီဘာရီ (ဘိုင်ယန်မြူးနစ်)၊ ဆာဟာ (မန်ယူ)၊ ရီမိုင် (လန်းစ်)


အင်္ဂလန်လေ့ကျင့်ရေးကွင်းက မိုက်ကယ်အိုဝင် (၀ဲအစွန်)